Author Archives: Thandar Aung

  • ကျိုက်ထိုမြို့နယ်မုပ္ပလင်ကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြိုနယ်မုပ္ပလင်ကျေးရွာ တွင်(၈.၅.၂၀၁၇)နေ့ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိ ပြိုလဲအိမ်(၁)အိမ်ထောင်စာအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၅)မျိုးနှင့်အတူ အိမ်ဆောက်ပစ္စည်ဖိုး၊ဆန်ဖိုးငွေ စုစုပေါင်း (၁၀၆၃၀၀/-) အား သထုံခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ (၉-၅-၂၀၁၇) ရက်နေ့ တွင်သွားရောက် ထောက်ပံ့ပေးခဲ့ ကြောင်းသတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ဒီပဲယင်းမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

      ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၇) ရက်နေ့တွင် ဒီပဲယင်းမြို့နယ် တည်တောကျေးရွာ ဖြစ်ပွားသော လေဘေးမှ အိမ်ခြေ ၃၄ အိမ်နှင့် ဘုန်းကြီးကျောင်း ၁ ကျောင်းအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့သော family kits ၃၄ စုံ အိမ်ဆောက်ပစ္စည်းဖိုးငွေ ၁၅၄၀၀၀၀ ကရက္ကန်ကျေးရွာ အိမ်ခြေ ၂၅ အိမ်နှင့် ဘုန်ကြီးကျောင်း ၁ ကျောင်းအတွက် family kits ၂၅ စုံ အိမ်ဆောက်ပစ္စည်းဖိုးငွေ ၁၁၆၀၀၀၀ ဆူးတပ်ကျေးရွာ အိမ်ခြေ ၃ … Read more

  • ဇလွန်မြို့နယ် ကူတို့ဆိပ်ကျေးရွာအုပ်စု ကူတို့ဆိပ်ကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဟင်္သာတခရိုင် ဇလွန်မြို့နယ် ကူတို့ဆိပ်ကျေးရွာအုပ်စု ကူတို့ဆိပ်ကျေးရွာတွင် (၅-၅-၂၀၁၇)နေ့နှင့် (၇-၅-၂၀၁၇)နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် အိမ်ခြေ (၃၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၁၀၀၀၀၀/-) လူဦးရေ(၁၀၈)ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ (၂၂၆၈၀၀/-) အိမ်ထောင်စု(၃၁)စုအတွက် တန်ဖိုး(၂၅၂၀၃၀/-)ရှိကဆရပစ္စည်း(၄)မျိုး (၃၁)အိမ်ထောင်စုစာ စုစုပေါင်းတန်ဖိုး (၃၅၇၈၈၃၀/-)ကို ဟင်္သာတခရိုင်ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၇)နေ့တွင် ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကူတို့ဆိပ်ကျေးရွာသို့ သွားရောက်၍ ပြည်သူများလက်ဝယ် အရောက်ထောက်ပ့ံခဲ့ ကြောင်းသတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • လေးမျက်နှာမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ (၅-၅-၂၀၁၇) ရက်နေ့၌ လေးမျက်နှာမြို့နယ်၊ ကတက်ကုန်းအုပ်စုနှင့် ဝါးရုံချောင်းအုပ်စုများတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂ လုံးပြိုလဲပျက်စီး၍ ၁ လုံးမှာ တစိတ်တပိုင်းပျက်စီးခဲ့ရာ အဆိုပါနေအိမ် ၃ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၃၀၀၀၀၀ ကို ဟင်္သာတခရိုင်ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများသည် ၈.၅.၂၀၁၇ နေ့တွင် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ပေးအပ်ထောက်ပံခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ဒီပဲယင်းမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ (၅-၅-၂၀၁၇) ရက်နေ့၌ ဒီပဲယင်းမြို့နယ် တောက္ကရှပ်ကျေးရွာတွင် ဖြစ်ပွားသော လေဘေးကြောင့် အိမ်ခြေ (၁၈) လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်းအတွက် family kits ၁၈ စုံ အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်းထောက်ပ့ံငွေ ၅၉၀၀၀၀ အား စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ မြို့မိ မြို့ဖများနှင့်အတူ  ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events