Author Archives: Thandar Aung
-
ဂန့်ဂေါမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သည် မကွေးတိုင်းဒေကြီး၊ ဂန့်ဂေါမြို့နယ်အတွင်း (၉ – ၅ – ၂၀၁၇ ) ရက်နေ့့လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော အိမ်(၆၀)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိူး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ နှင့် ဆန််ရိက္ခာဖိုးထောက်ပ့ံငွေ ( ၂၀၁၅၁၀၀ိ/-)တို့အား ဂန့်ဂေါမြို့ ဇာဟောကျေးရွာစာသင်ကျောင်း၌(၁၁-၅-၂၀၁၇)နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့်အတူသွားရောက်ထောက်ပ့ံပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာ၌ အရေးပေါ်ခိုလှုံရန် အဆောက်အဦးပန္နက်ချအခမ်းအနားပြုလုပ်မှုသတင်း
(၁၁-၅-၂၀၁၇) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာ၌ အရေးပေါ်ခိုလှုံရန် အဆောက်အဦးပန္နက်ချအခမ်းအနားပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်စိုး၊ ပြည်သူ့လွှတ်တော်ကိုယ်သားလှယ် ဒေါ်ခင်စန္ဒီ၊ လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူတို့ တက်ရောက်၍ ပန္နက်ချပေးခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ရှှာဖွေကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများလွှဲအပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသက်ကယ်အကျီင်္ ၁ဝထည် အသက်ကယ်ဘောကွင်း ၁ဝကွင်းအား ၁၁ ့ ၅ ့ ၂၀၁ရရက်န့တွင် ပြည်နယ်ဦးစီးမှူး ကိုယ်စား ဦးမောင် မောင်ကြီး ဦးစီးအရာရှိမှ အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ျရးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ် မြို့နယ်ရဲတပ်ဖွဲ့မှူး မြို့နယ်မီးသတ် မြို့နယ်ကြက်ခြေနီ တို့ထံလွှဲ ပြောင်းပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်၊ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ (၅.၅.၂၀၁၇)ရက်နေ့ပဲခူးတိုင်းဒေသကြီး ၊သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်၊ကျေးရွာအုပ်စု (၇)စု၊ကျေးရွာ (၁၇) ရွာမှလေဘေးသင့် အမိုးလန်နေအိမ် ( ၉၂) လုံး၊ပြိုလဲနေအိမ် (၈)လုံး၊ ဘုန်းတော်ကြီးကျောင်း (၅)ကျောင်းတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၈)အိမ်ထောင်စာကတ္တူပုံးအပါ၊အိမ်ဆောက်ပစွည်းဘိုး ၊ ဆန်ရိက္ခာ (၇) ရက်စာ၊စုစုပေါင်း ထောက်ပ့ံငွေ ၆၀၃၇၄၀၀ အား (၉.၅.၂၀၁၇) ရက်နေ့တွင် ပြည်ခရိုင်ကယ်ဆယ်ရေးရုံး ဝန်ထမ်းများမှ အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လေဘေးသင့်ကျေးရွာများသို့သွားရောက်ကာလက်ဝယ်အရောက် ထောက်ပ့ံပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တပ်ကုန်းမြို့နယ်၊လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး နေပြည်တော် မှတာဝန်ရှိသူများသည်မေလ(၁ဝ)ရက်နေ့တွင်တပ်ကုန်းမြို့နယ်နွယ်ရစ်အုပ်စုဇရပ်င်္ကြးကုန်းကျေးရွာနှင့်ရွှေမြို့အုပ်စုပင်းစုကျေးရွာတို့တွင်မေလ၉ရက်နေ့လေဘေးဖြစ်ပွားခဲ့ခြင်းအတွက်သစ်ပင်ပိပြိုလဲတစ်အိမ်အတွက်ကယ်ဆယ်ရေးပစ္စည်း၁၆မျိုးအိမ်ဆောက်ပစ္စည်းဖိုးငွေနှစ်သိန်းကျပ်။ဆန်ဖိုးငွေ၁၀၅ဝဝကျပ်။အမိုးလန်သုံးအိမ်အတွက်ကယ်ဆယ်ရေးပစ္စည်း၁ဝမျိုးသုံးအိမ်ထောင်စုစာဆန်ဖိုးငွေ၂၃၁ဝဝကျပ်အိမ်ဆောက်ပစ္စည်းတစ်အိမ်လျှင်ဆုံးရှုံးမှူစာရင်းအရ ၅ဝဝဝဝကျပ်နှုန္းဖြင့်၁၅ဝဝဝဝကျပ် စုစုပေါင်း ၃၈၃၆၀၀ ကျပ် ကိုကွင်းဆင်းထောက်ပံ့ပေးခဲ့ ကြောင်းသတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက်၊ နဂါးကိုးကောင်ကုမ္ပဏီလုပ်ကွက်၌ (၂.၅.၁၇)ရက်နေ့(၁၆:၄၅)၌ဖြစ်ပွား ခဲ့သောမြေစာကျောက်ခဲ(မောက်လုံး)ပြိုကျမှုကြောင့်မြေစာထိမှန်သေဆုံးသူ ဦးဇော်ဝင်းထွန်းနှင့်ဦးဇော်မြတ်တို့ နှစ်ဦးအတွက်တစ်ဦးလျှင်(၃)သိန်းနှုန်းဖြင့် (၂)ဦးအတွက်သေဆုံးထောက်ပံ့ငွေ(၆) သိန်း ဖားကန့်/ ဆိပ်မူ ကျွေးရွာ/ ကောင်ဆန်ကျွေးရွာစိန်လုံတောင်တန်းကုမ္ပဏီလုပ်ကွက်၌(၆.၅.၁၇)ရက်နေ့ ၃း၁၅ချိန်၌ဖြစ်ပွားခဲ့သော အမြင့်ပေ(၂၀၀)ခန့်မှ ကျောက်ကျောမြေစာပြိုကျမှုကြောင့် မြေစာပိ၍ သေဆုံးသူဦးသက်နိုင်ဝင်း နှင့်ဦးစိုင်း ဝမ်းလင်းတို့ နစ်ဦးအတွက် သေဆုံးထောက်ပ့ံငွေ၆သိန်း ဖားကန့်lမြို့မရပ်ကွက်တွင်(၇.၅.၁၇) ရက်၂၂:၅၀ ချိန်ဖြစ်ပွားခဲသောမီးလောင်မှုကြောင့် ဘေးသင့်အိမ်ခြေ၁၅လုံးနှင့်အိမ်ထောင်(၃၈)စု လူဦးရေ(၁၁၃)တို့အတွက် ထောက်ပံ့ပစ္စည်း (၁၀)မျိုး(၃၆)အိမ်ထောင်စာ၊(၄)မျိုး(၂)အိမ်ထောင်စာ၊ဆန်ရိက္ခာဖိုး(၁၁၃)ဦးအတွက် (၇)ရက် စာ (၂၃၇၃၀၀ိ/-)၊အိမ်ဆောက် ပစ္စည်းဖိုးလုံးဝလောင်ကျွမ်းအိမ်ခြေ(၁၃) လုံးအတွက်တစ်လုံးလျှင် (၂)သိန်း နှုန်းဖြင့် … Read more
-
လေဘေးကြိုတင်ပြင်ဆင်ရေး ပြည်သူသို့ ပန်ကြားချက် ဆိုင်းဘုတ်စိုက်ထူမှုသတင်း
(၉-၅-၂၀၁၇) ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ မိုးညိုမြို့၊ မြို့နယ်စျေးထိပ်နှငျ့ သာယာဝတီမြို့့၊ လမ်းမကြီးတွင် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနဲ့ စပ်လျဉ်း၍ ပြည်သူများသို် ပန်ကြားချက် ဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ပြည်ခရုင်ဦးစီးမှူးရုံး (ကဆရ)
-
လုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ပြည်သူ့အကျိုးကိုပိုမိုထိရောက်စွာဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးပြောကြား
နေပြည်တော်၊ ၉-၅-၂၀၁၇ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီး ဌာနများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာ နလက်အောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ (၂၀၁၇-၂၀၁၈)ဘဏ္ဍာရေးနှစ်တွင် ကဏ္ဍအလိုက် အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းရပ်များပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးကိုယနေ့မွန်း လွဲပိုင်းက လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက် အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကမိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကိုဦးတည် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့၏ လုပ်ငန်းများသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနကဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် များစွာဆက်စပ်လျက်ရှိကြောင်း၊ ဝန်ကြီးဌာန … Read more
-
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) မှ ညှိနှိုင်း ဆက်သွယ်ရေးအရာရှိဖြစ်သူ Mr. Rory Mungovenမ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ှ ပြည်ထောင်စုဝန်ကြီးအား လာရောက်တွေ့ဆုံမှု သတင်း
(၉-၅-၂၀၁၇) ရက်နေ့ (၁၁:၀၀) နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေး ရာအဖွဲ့ (ILO) မှ ညှိနှိုင်း ဆက်သွယ်ရေးအရာရှိဖြစ်သူ Mr. Rory Mungoven က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသောကလေး အသက် (၂) နှစ်အရွယ်ထိ လစဉ်ငွေကြေးထောက်ပံ့မှုအစီအစဉ်များ၊ သက်ကြီးရွယ်အိုလူမှုရေးပင်စင် ထောက်ပံ့မည့်အစီအစဉ်များ၊ လူမှုဝန်ထမ်းလုပ်ငန်းများ ထိရောက်သွက်လက်စေရေးအတွက် … Read more
-
လပွတ္တာမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၇) ရက်နေ့၊ (၁ဝးဝ၀) နာရီအချိန်တွင် လပွတ္တာမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဖွင့်လှစ်သည့် ခရိုင်အဆင့် ပထမတန်း သင်ရိုးညွှန်းတမ်းသစ် သင်တန်းသို့ တက်ရောက်လျက်ရှိသော လပွတ္တာခရိုင်အတွင်းရှိ ကျေးရွာများမှ ဆရာ/ဆရာမ (၁၃၃) ဦးခန့်ကို သဘာဝဘေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်၊ နံရံကပ်ပိုစတာ၊ DAN Mobile Application ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
