Author Archives: Thandar Aung
-
ပြည်သူတို့၏လိုအပ်ချက်များကို ဖော်ထုတ်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေး၊ ပြင်ဆင်ရေး၊ လတ်တလောကယ်ဆယ်ရေးအထောက်အပံ့ပေးနို်င်ရေးနှင့် ပြည်သူတို့၏ လိုအပ်ချက်များကို ဖော်ထုတ်ဖြည့်ဆည်းပေးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်း ကွင်းဆင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့်အတူ ယနေ့နံနက်ပိုင်းက ဂန့်ဂေါမြို့နယ်၊ မင်းရွာ အခြေခံပညာအထက်တန်းကျောင်းခွဲအား အထက်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်သည့် အခမ်းအနားသို့တက်ရောက်ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ကျောင်းနေအရွယ် ကလေးများ ကျောင်းရောက်ရှိရေး၊ ကျောင်းတက်မှန်ရေး၊ ကျောင်း ထွက်နှုန်း ကျဆင်းရေးတို့သည် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိကြောင်း၊ ကျောင်းတက်နိုင်ရန် နိုင်ငံတော်အစိုးရက အခမဲ့ပညာရေးစနစ် … Read more
-
ဇွန်လ တတိယ (၁၀) ရက်ပတ်အတွက် မြစ်ရေခန့်မှန်းချက်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁ရခုနှစ်၊ ဇွန်လ တတိယ (၁၀) ရက်ပတ်အတွက် မြစ်ရေခန့်မှန်းချက် (၁၈- ၆-၂၀၁၇) ရက်နေ့တွင် အောက်ပါအတိုင်း ထုတ်ပြန် ထားပါသည်—— ဧရာဝတီမြစ်ရေသည် ဇွန်လ တတိယ(၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၈-ပေမှ ၁၀-ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့တွင် ၅-ပေမှ ၇-ပေခန့်နှင့် အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၃-ပေမှ … Read more
-
သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ကြိုတင်ကာကွယ်ရေးဆင့်ပွားမွမ်းမံသင်တန်း အောင်မြင်စွာ ကျင်းပပြုလုပ်မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီးကလေးခရိုင််ဦးစီးမှူးရုံး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာ နမှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများသည် ကလေးမြို့နယ် ဒိုးနွယ်ဘုန်း တော်ကြီး ကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးသုနန္ဒ၏ ဦးဆောင််မူဖြင့်် သဘာဝဘေးအန္တရာယ် အမျိုးမျိုးနှင့် ကြိုတင်ကာကွယ် ရေးဆင့်ပွားမွမ်းမံသင်တန်း ကို််ဒုတိယအကြိမ်အဖြစ် ဇွန် (၁၄) ရက်မှ (၁၇) ရက်နေ့အထိ (၄)ရက်ကြာ ဒိုးနွယ်စံပြကျေးရွာ သာသနာ့ဗိမာန်ကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက် သူသင်တန်းသား (၃၅)ဦး ၊ သင်တန်းသူ (၃၀)ဦး စုစုပေါင်းသင်တန်းသား (၆၅) ဦးတို့အောင်မြင်စွာ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများ သည် (၁၅-၆-၂၀၁၇) ရက်နေ့တွင် သဘာဝဘေးအသိပညာ ပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပြီး လက် ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် DAN Application ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး ဦးစီး ဌာနမှ ထုတ်ဝေသည့် သဘာဝဘေး အသိပညာပေး ဗီနိုင်း (မီး ရေ မုန်တိုင်း ငလျင် ) များကို ဘားအံ မြို့နယ် မဲဘောင်စျေး၌ ချိတ်ဆွဲခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေး အပ်ခြင်းတို့ ဆောင်ရွက် ခဲ့ပါသည်။ ၄င်းအပြင် လူစည်ကားသောနေရာနှင့် … Read more
-
မိုရာမုန်တိုင်းသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များ သည် မိုရာမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံခဲ့သော မောင်တောမြို့နယ်၊ လေဘေး သင့် ကျေးရွာအုပ်စု (၁၉) စုမှ လုံးဝပြိုကျသွားသည့် အိမ် (၁၅၃) လုံးအတွက် ( ၈၀၅၀၀၀၀/-) ကျပ် တစ်စိတ်တစ်ပိုင်းပြိုကျအိမ် (၅၃၃) လုံးအတွက် (၁၀၆၆၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၈၇၁၀၀၀၀/-) ကျပ်တို့ အား (၁၄ -၆ -၂၀၁၇) ရက်နေ့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသညSource: မောင်တောခရို်င်ဦးစီးမှူးရုံး (ကဆရ)
-
မိုရာမုန်တိုင်းသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များ သည် မိုရာမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံခဲ့သော ဘူးသီးတောင်မြို့နယ်၊ လေဘေး သင့် ကျေးရွာအုပ်စု (၂၀) စုမှ လုံးဝပြိုကျသွားသည့် အိမ် (၁၉၇) လုံးအတွက် (၁၂၈၁၀၀၀၀ /-) ကျပ် တစ်စိတ်တစ်ပိုင်းပြိုကျအိမ် (၅၆၉) လုံးအတွက် (၁၃၈၅၅၀၀၀/-) ကျပ်၊ စုစုပေါင်း (၂၆၆၆၅၀၀၀ /-) ကျပ်တို့ အား (၁၄ -၆ -၂၀၁၇) ရက်နေ့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source: မောင်တောခရို်င်ဦးစီးမှူးရုံး … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၆.၂၀၁၇ )ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ဒေါင့်ကြီးဘက်အုပ်စု၊ ရွှေကျောင်းပိုင်းကျေး ရွာ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ(၃၈၂)ဦးတက်ရောက်ခဲ့ပါသည်။ ၄င်းနောက် မီးဘေး၊ရေဘေး၊မုန်တိုင်းဘေး၊ငလျင်ဘေး၊ဆူနာ မီဘေး၊မြေပြိုဘေး၊မိုကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ပိုစတာများ၊ ဗွီနိုင်းများဖြန့်ဝေခဲ့ပါ သည်။၄င်းနောက်ရေဘေးအသိပညာပေးဗွီနိုင်းအား ကျေးရွာအတွင်း လူအများသွားလာရာလမ်းဘေး တွင်စိုက်ထူခြင်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိ ပါသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဦးစီးမှူးရုံံးမှ တာဝန်ရှိ သူများ သည် (၁၄-၆-၂၀၁၇) ရက်နေ့တွင် ထားဝယ်မြို့နယ်၊ အ.ထ.က(၄) ကျောင်းတွင်သဘာဝဘေး အန္တ ရာယ် နှင့် ပတ်သက်သည့်အကြောင်းအရာများ အားဆွေးနွေးဟောပြောခြင်း ရှောင်ရန်/ဆောင်ရန်များ ဟော ပြောခဲ့ပြီး တက်ရောက်သူကျောင်းသား/ သူဦးရေ (၃၀၀) ဦးတက် ရောက်ခဲဲ့့ကြောင်းသတင်းရရှိ ပါသည်။Source: တနင်္သာရီတိုင်းဦးစီးမှူးရုံံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်လှစ်မူသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် Plan International အဖွဲ့အစည်းတို့ ပူးပေါင်း၍ (၁၄.၆.၂၀၁၇)ရက်နေ့မှ (၁၆.၆.၂၀၁၇)ရက်နေ့ ထိ မြစ်ကြီးနားမြို့ရှိ ဂါလိလဲ IDPs စခန်းတွင် ဖွင့်လှစ််ရာ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များမှသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေများနှင့် သဘာဝဘေး(၈)မျိုးနှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများ သည် (၁၄-၆-၂၀၁၇) ရက်နေ့တွင် ပုလောမြို့နယ် တိုကျေးရွာ အထက ကျောင်းတွင်သဘာဝဘေး အန္တ ရာယ် နှင့် ပတ်သက်သည့်အကြောင်းအရာများ အားဆွေးနွေးဟောပြောခြင်း ရှောင်ရန်/ဆောင်ရန်များဟော ပြောခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ပြည်သူ သို့ပန် ကြားချက် စာစောင် များလည်း ဝေငှှ ခဲ့ကြောင်း တက် ရောက်သူကျောင်းသား/ သူဦးရေ (၁၉၉) ဦးတက် ရောက်ခဲ့ပြီးလက်ကမ်း စာစောင်များနံရံ ကပ်ပိုစတာများ ကျောင်း သုံးဗလာစာအုပ်နဲ့ ဘောလ်ပင်များအား ဝေငှပေးခဲ့ကြောင်းသတင်းရရှိပါသည်။Source:မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
