Author Archives: Thandar Aung

  • ကျောက်ဖြူမြို့နယ်၊ မင်းရပ်ကျေးရွာအုပ်စု၊ လိပ်တင်ကျေးရွာ၌ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင် ့ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(CDA)နှင့် Plan Myanmar အဖွဲ့တို့ပူးပေါင်း၍ (၁၃-၇-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ မင်းရပ်ကျေးရွာအုပ်စု၊ လိပ်တင်ကျေးရွာ၌ မုန်တိုင်းသဏ္လာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် လိပ်တင်ကျေးရွာမှ ရွာသူရွာသားများ စုစုပေါင်း (၂၂၀) ဦးခန့် ပါဝင်ခဲ့ကြပါသည်။ ၎င်းနောက် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား တက်ရောက်လာသူများသို့ တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့ပြီး ထမင်းကျွေးခြင်း၊ ရေသန့်ဗူးဝေငှခြင်း၊ အချိုရေဗူးများ၊ပေါင်မုန့်များ၊ ခေါက်ဆွဲခြောက်များနှင့် သဘာဝဘေးအတွက် ဆောင်ရန်/ရှောင်ရန်လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။ မုန်တိုင်းဒဏ်သင့်ခံရလေ့ရှိသော ဒေသများတွင် ဘေးန္တရာယ်ကျရောက်လာပါက ကြံ့ကြံ့ခံရင်ဆ်ိုင်တု့ံပြန်နိုင်ရန် အသင့်ဖြစ်မည်ဖြစ်ပြီး … Read more

  • ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့်ခန္တီးမြို့နယ်တွင်းရေဝင်ရောက်အိမ်ထောင်စုများ ထောက်ပံ့မှု သတင်း

    စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ချင်းတွင်းမြစ်ရေမြင့် တက်လာမှု ကြောင့် ခန္တီးမြို့ပေါ်ရပ်ကွက်အချို့၌ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ရာ (၁၃-၇-၂၀၁ရ)ရက်(ကြာသပတေးနေ့) တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦး သည် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး ဦးစဝီလီဖရန့်၊ ခန္တီးခရိုင်ကျန်းမာရေးမှူး၊ ခန္တီးမြို့နယ်အုပ်ချုပ် ရေးမှူးတို့နှင့်အတူ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် ပေါမိုင်းရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓ သာသနာပြုဘုန်းကြီးကျောင်း၊ မြသိန်းတန်ဘုရားနှင့် ဇီးဖြူကုန်းရပ်ကွက်အလယ်တန်းကျောင်းခွဲများရှိ ရေဘေးသင့်ပြည်သူများသို့ သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရေဘေးသင့်ပြည်သူများ လတ်တလောနေထိုင်မှုအဆင်ပြေ စေရန်အ တွက် ကျားလုံချည်၊ မလုံချည်၊ ပုဝါနှင့် ဆပ်ပြာတောင့်တို့ ပါဝင်သည့်ပစ္စည်း(၄)မျိုးအားလည်းကောင်း ရေကြီးနေချိန်အတွင်း စားရိက္ခာဖူလုံစေရန်အတွက် … Read more

  • ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ “ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်မှုသတင်း

    (၁၃-၇-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) နှင့် ActionAid Myanmar အဖွဲ့တို့ ပူးပေါင်း၍ ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ “ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ” ကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်က အဖွင့်အမှာစကားပြောကြားခြင်း၊ ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အမှာစကားပြောကြားခြင်းနှင့် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူး ဦးစိုးလှိုင်က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး ဘေးမဖြစ်မီ ဘေးဖြစ်ပြီးအချိန်များ၌ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလက်စွဲစာအုပ် ကောင်းမွန်စွာအသုံးပြုနိုင်ရန် အုပ်စုဖွဲ့ဆွေးနွေးအဖြေရှာခြင်းနှင့် အားနည်းချက်/အားသာချက်များ ရှင်းလင်းဆွေးနွေးခဲ့ကာ ActionAid Myanmar … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်‌‌ထောင်‌စု‌နယ်‌မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၁၇) ရက်နေ ပျဉ်းမနားမြို့နယ်‌၊သစ်လေးလုံး (အထက) ကျောင်‌းသို့သွား‌ရောက်၍ သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်သည့်အကြောင်းအရာများ မိုးကြိုး‌ဘေး၊ မီး‌ဘေး၊ ငလျင်‌‌ဘေး တို့ကြုံ‌တွေ့ရ ပါကမည်‌သို့တုံံ့ပြန်‌ရမည်‌များကို သရုပ်‌ပြရှင်‌းလင်‌းခဲ့ပြီး လက်‌‌တွေ့လုပ်‌‌ဆောင်‌သရုပ်‌ပြခဲ့ရာ ကျောင်‌း သား‌ကျောင်‌းသူ (၄၁၀) ဦးတက်ရောက်ခဲ့ပြီး၊ ဗလာစာအုပ်၊ ဘောလ်‌ပင်၊ လက်‌ကမ်‌းစာ စောင်၊ ဗွီနိုင်‌းပိုစတာများဖြန်‌့‌ဝေခဲ့ ကြောင်းသတင်းရ ရှိပါသည််။ Source:ပြည်‌‌ထောင်‌စု‌နယ်‌မြေဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events