Author Archives: Thandar Aung

  • ရေဘေးသင့်ပြည်သူများအားထောက်ပ့ံမှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံး တာဝန်‌ရှိသူများသည် ညောင်တုန်း မြို့နယ်၊ ကျုံရစ်ကျေးရွာအုပ်စု၊ ကျုံရစ်ကျေးရွာ၌ (၂၅.၇.၂၀၁၇)ရက်နေ့ မြစ်ရေမြင့်တက်လာ၍ ပျက်စီးဆုံးရှုံး ပြိုကျခဲ့သည့် နေအိမ်(၁)လုံး အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁ဝဝဝဝဝိ/-)နှင့် လူဦးရေ (၃)ဦး အတွက် ဆန်ရိက္ခာဖိုး (၆၃ဝဝိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၁ဝ၆၃ဝဝိ/-)တိတိအား (၂၇.၇.၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သ်ို့ အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သရက်ခရိုင်ဦးစီးမှူးရုံး၊ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံး၊ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို (၂၈.၇.၂၀၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခြဲ့ပီး နံနက် ၀၅းဝဝ အချိန်၌ သံဃာတော် (၅) ပါးအားပင့်ဖိတ်၍ ဆွမ်း ဆက်ကပ်ခြင်း ကမ်မဝါစာ ပရိတ်တရားတော်များရွတ်ဖတ်ခြင်း များပြုလုပ်ခြဲ့ပီး ရုံးဖွင့်ပွဲ သို့ ခရိုင်အုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချူပ်ရေးမှူး ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဖိတ်ကြားထားသောဧည့်သည်တော်များစုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခြဲ့ပီး ဧည့်သည်တော်များအားကြာဇံချက် လက်ဘက်ရည် မုန့် အချိုပွဲများဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါကြောင်းသတင်းရရှိပါသည်။Source: သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် လေးမျက်နှာမြို့၊ သောင်ဘုတ်အုပ်စု၊ သောင်ဘုတ်ကျေးရွာ၊ (၂၄.၇.၂၀၁၇) နေ့ ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁) စုအား ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ် မိသားစုဝင် (၆) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၂၆၀၀) ကျပ်တို့အားလည်းကောင်း၊ ခြောက်ဆယ်အုပ်စု၊ ခြောက်ဆယ်ရွာ (၂၅.၇.၂၀၁၇) နေ့ ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁) စုအား ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ် … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး‌မှ တာဝန်‌ရှိသူများသည် (၂၇-၇-၂၀၁၇)နေ့တွင် သံဖြူဇရပ်မြို့နယ်၊စက်စဲကျေးရွာအုပ်စု ဓမင်းဆိပ်ကျေးရွာ နေပြည်သူလူထု(၂၀၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့၌ မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကို (၂၇-၇-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရှမ်းပြည်နယ်ဦးစီးမှူး (ကယ်ဆယ်ရေး) မှ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြခြင်းနှင့် သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အကြောင်းအရာများအား ဦးဆောင်ဆွေးနွေးဟောပြောခြင်းနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များက အပြန်အလှန်ဆွေးနွေးခြင်း၊ အဖွဲ့လိုက်ဆွေးနွေးခြင်းနှင့် ဖော်ထုက်သုံးသပ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် လူမူရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်စုစုပေါင်းအင်အား (၈၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ … Read more

  • လေပြင်းဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူ များသည် (၂၃.၇.၂၀၁၇) ရက်နေ့တွင် တောင်ကုတ်မြို့၊နယ်ဆားပြင်ကျေးရွာအုပ်စု ကမာကျေး ရွာတွင််ဖြစ်ပွားသော လေဆင်နှာမောင်းဘေးတွင် သစ်ပင်ပိအိမ် (၂) လုံး၊ လုံးဝပျက်စီးအိမ် (၂) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၁၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၈၀၀၀၀) ကျပ်နှင့်ဘေး သင့်လူးဦးရေ (၂၉၅) ဦးအတွက် ဆန်ဖိုး (၆၁၉၅၀၀)ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄)အိမ်ထောင်စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၅၈)အိမ်ထောင်စုစာတို့အား (၂၇ ့ ၇ ့၂၀၁၇) ရက်နေ့တွင် ကမာကျေးရွာဘုန်းကြီးတော်ကြီးကျောင်း၌်သွားရောက်ထောက်ပ့ံခဲ့ကြောင်း … Read more

Sign Up

Upcoming Events