Author Archives: Thandar Aung

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး‌မှ တာဝန်‌ရှိသူများသည် (၂၅-၈-၂၀၁၇)နေ့တွင် မန်စန့်ကျေးရွာတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသား/ သူ(၁၅၀) ခန့်တက်ရောက်ခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး‌မှ တာဝန်‌ရှိသူများသည် (၂၅-၈-၂၀၁၇)နေ့တွင် အထက(၅)ကျောင်း၌မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့်သဘာဝဘေးအန္တရာယ်များအကြောင်းသဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါကဆောင်ရန်ရှောင်ရန်များဦးစီးဌာန၏လုပ်ငန်းတာဝန်များရည်ရွယ်ချက်ကို့ကိုရှင်းလင်းပြောကြားပြီးသရုပ်ပြလေ့ကျင့်ခြင်းလက်ကမ်းစာစောင်များဖြန့်ဝေခြင်းပညာပေးဗီဒီယိုများပြသခြင်းစသည့်အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာဆရာဆရာမနှင့်ကျောင်းသူ/သားစုစုပေါင်း(၃၀၀)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံး‌မှ တာဝန်‌ရှိသူများသည် (၂၅-၈-၂၀၁၇)နေ့တွင် နောင်ချိုမြို့နယ် တောင်းခေးကျေးရွာအုပ်စု တောင်းခေး (အ-ထ-က)ခွဲကျောင်းတွင် တက်ရောက် ကျောင်းသူ/ကျောင်းသား (၃၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး သဘာဝဘေး ဗွီနိုင်း ပိုစတာ(၅)မျိုးနှင့် DAN mobile app ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကမ်းပြိုဘေးထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံး မှတာဝန်‌ရှိသူများသည်(၁၇.၈.၂၀၁၇)မှ (၂၃.၈.၂၀၁၇) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု ရှားပင်ကုန်းကျေးရွာ တရုတ်မှော်ကျေးရွာအုပ်စု သာစည်ကျေးရွာတွင် ကမ်းပြို ရွှေ့ပြောင်း နေအိမ် (၂၃) လုံးအတွက် (၁၀၀၀၀၀)နှုန်းဖြင့် (၂၃၀၀၀၀၀) အား (၂၅-၈-၂၀၁၇)ရက်နေ့ တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source -ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကမ်းပြိုဘေးထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး မှတာဝန်‌ရှိသူများသည်(၁၈.၈.၂၀၁၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ရေစကြို မြို့နယ်၊ ညောင်ဇောက်ကျေးရွာအုပ်စု၊ ကျောမကြားကျေးရွာ တွင် အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု(၂)စု လူဦးရေ (၁၁)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး (၂၃၁၀၀ိ/-) ၊စုစုပေါင်း (၂၂၃၁၀၀ိ/-) အား ရေစကြို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံသို့ (၂၅.၈.၂၀၁၇)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source – ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကလေးခရိုင်သိုလှောင်ရုံလုပ်ငန်းပြီးစီးမှုအားကြည့်ရှု့စစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ အမျိုးသားသဘာဝဘေး ရန်ပုံငွေဖြင့် (Holy Land Company) မှတာဝန် ဆောက်လုပ်နေသော ကလေးခရိုင်သိုလှောင်ရုံ(၁၂၀×၄၀×၂၄) တည်ဆောက်နေမှုအားစစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးသည် (၂၄-၈-၂၀၁၇)နေ့တွင် လုပ်ငန်းပြီးစီးမှု အခြေအနေ အားကြည့်ရှု့စစ်ဆေး ကာလိုအပ်သည်များအား မှာကြားခဲ့ပြီး လက်ရှိ တည်ဆောက်ပြီးစီးမှုမှာ (၇၆) ရာခိုင်နှုန်းဖြစ် ခဲ့ကြောင်းသတင်းရရှိပါ သည်။Source:ကလေးခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်‌ရှိသူများသည် (၂၃-၈-၂၀၁၇) နေ့တွင် သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာတွင် ကျေးရွာပြည်လူဦးရေ (၂၀၀)ဦးနှင့်(၂၄-၈-၂၀၁၇) နေ့တွင် သရက်မြို့နယ်၊ဘန်းကုန်းတွင်ကျေးရွာတွင် ကျေးရွာပြည်လူဦးရေ (၁၃၀)ဦးတို့အား သဘာဝဘေးလျော့ပါးရေအသိပညာပေးဟော ဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ မိုးကြိုးဘေးဗီနိုင်းပိုစတာများကို ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါ သည်။Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စဉ့်ကိုင်မြို့နယ်၊ တံတားဦးမြို့နယ်တွင်း ရေဘေးသင့်ပြည်သူများ အားထောက်ပံ့မှုသတင်း

    မန္တလေးတိုင်းဒေသကြီးအတွင်းရှိ (၁၈.၈.၂၀၁၇) မှ (၂၁-၈-၂၀၁၇) ရက်နေ့ စဉ့်ကိုင်မြိုနယ်၊ တံတား ဦးမြို့နယ်တွင်း ဧရာဝတီမြစ်ရေဝင်ရောက်သော ရေဘေးသင့်ပြည်သူများကို မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးးချုုပ် နှင့် တိုင်ဦးစီးမှူးရုံးအဖွဲ့၊ ပရဟိတအသင်းတို့ပူးပေါင်း၍ စဉ့်ကျိင္မြို့နယ်တွက် လူဦးရေ စုစုပေါင်း (၂၇၁)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၂၈၆၉၀၀) ကျပ်နှင့် ရေသန့်ဆေးဗူး (၈)ဗူး၊ တံတား ဦးမြို့နယ်အတွက် လူဦးရေစုစုပေါင်း (၇၄၀၆)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၁၅၅၅၂၆၀၀) ကျပ် နှင့်ရေသန့်ဆေးဗူး( ၅၀)ဗူးတို့အား (၂၄.၈.၂၀၁၇)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ပြီး ကယ်ဆယ်ရေးဦးစီးဌာနမှတိုင်းဦးစီးမှူးမှ … Read more

  • ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးရှောင် အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာနမှ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၁၇) မှ(၂၃-၈-၂၀၁၇) ထိချင်းတွင်းမြစ်ရေမြှင့်တက်မှုကြောင့် ယူးဝအုပ်စု ၊ဝါးရုံသာ၊ပန်းသာ ၊တပ်ကုန်းအုပ်စု ဖျက်သိမ်း အိမ်ထောင်စု (၁၀)စုတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး ၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀၀)ကျပ် ပြောင်းရွှေ့အိမ်ထောင်စု (၂၁)စု နှင့်လူဦးရေစုစုပေါင်း(၁၆၉)ဦး တွက်ဆန်ရိက္ခာဖိုး ငွေ(၃၅၄၉၀၀)ကျပ် ခေါက်ဆွဲခြောက် (၁၆၉)ထုပ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျေးရွာ များသို့သွားရောက်ထောက်ပံ့ခကြောင်းသတင်းရရှိပါသည်။Sourceးမော်လိုက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events