Author Archives: Thandar Aung

  • ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ၊ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

    ဘင်္ဂလားပင်လယ်အော်အခြေအနေ ======================== အနောက်တောင်မုတ်သုံလေသည် ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ(၁၀) ရက်မှ အောက်တိုဘာလ(၁၄)ရက်အတွင်း မြန်မာတစ်ပြည်လုံးမှ ဆုတ်ခွာသွားနိုင်ပါသည်။  ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူ ထပ်နိုင်ပါသည်။ ——————————————————————————- မိုးအခြေအနေနှင့် မိုးရွာရက် ==================== စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေ သကြီးနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေ သကြီးအောက်ပိုင်း၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ … Read more

  • ကျောက်ဖြူခရိုင်၊ ကန္ဒီးအုပ်စု၊ မင်းတက်တောင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၀-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူခရိုင်၊ ကန္ဒီးအုပ်စု၊ မင်းတက်တောင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါဆွေးနွေးပွဲ၌ တာဝန်ရှိသူများက ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီးပြန်လည်ထူထောင်ရေးကိစ္စများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များ ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၆၅) ဦးခန့် ရှိပါကြောင်း သိရှိရပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ပဲနို့အာဟာရတိုက်ကျွေးခြင်းနှင့်စပ်လျဉ်းပြီး သုတေသနလုပ်ငန်းတစ်ရပ် ဆောင်ရွက်သွားမည်ဖြစ်

    ၃၀.၉.၂၀၁၇၊ ရန်ကုန် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မူလတန်းကြိုကျောင်းများတွင် ပဲနို့အာဟာရတိုက်ကျွေးနိုင်ရေးအတွက် ပဲနို့စက် (၁၁) လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ (၁)လစာ ကုန်ကြမ်းပစ္စည်းများကို ရွှေပါရမီပဲနို့ အာဟာရဖောင်ဒေးရှင်း ဥက္ကဌက ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ပဲနို့စက်များ အသုံးပြုပုံ နည်းပညာနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ သင်တန်းကျောင်းနှင့် မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့ရှိ ဖောင်ဒေးရှင်းရုံးခွဲများ၌ သင်တန်းများပို့ချပေးသွားမည်ဖြစ်ပြီး အဆိုပါဖောင်ဒေးရှင်းသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ပဲနို့အာဟာရတိုက်ကျွေးခြင်းကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မူလတန်းကြိုကျောင်းများ၊ အခြေခံပညာကျောင်းများ၊ … Read more

  • ဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် အလှူငွေများ လာရောက်ပေးအပ်မှုသတင်း

    ၃၀-၉-၂၀၁၇၊ ရန်ကုန် ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ခေတ္တ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို (၃၀-၉-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ရာ ရန်ကုန်မြို့၊ ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်က လှူဒါန်းငွေကျပ် (၆၃) သိန်းကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးနှင့်အဖွဲ့က လှူဒါန်းငွေကျပ် (၃) သိန်းကိုလည်းကောင်း တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၂၉-၉-၂၀၁၇)နေ့တွင် ဝိုင်းမော်မြို့၊ မိုင်းနား KBC စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ(၁၀၀)ဦးခန့်အားလည်းကောင်း၊ သာဂရသရက်တော စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ(၁၀၀) ဦးခန့်အား ဦးစီးဌာန၏ လုပ်ငန်းဆောင် ရွက်ချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ သိကောင်းစရာများအား အသိပညာပေးဟော ပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၂၉-၉-၂၀၁၇)နေ့တွင် သိန္နီမြို့နယ်၊ပန်စုံကျေးရွာဓမ္မာရုံတွင်ကျေးရွာသား/သူ လူဦးရေ(၆၀)ခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်၊မီးလောင်ကျွန်းကျေး ရွာအုပ်စု၊ပေါက်တောကျွန်းကျေးရွာတွင်(၂၃/၂၄-၉- ၂၀၁၇)ရက်နေ့၌ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါး ပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စု၊လူဦးရေ(၃၆)ဦးအတွက်ဆန်ရိက္ခာ (၇)ရက်စာ(၇၅၆၀၀ိ/-)၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀၀၀၀ိ/-)၊စုစုပေါင်း(၈၇၅၆၀၀ိ/-)နှင့် ရေစြကို မြို့နယ်၊ညောင်ဇောက်ကျေးရွာအုပ်စု၊ကျောမကြား ကျေးရွာတွင်(၂၃-၉-၂၀၁၇)ရက်နေ့၌ချင်းတွင်းမြစ် ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ် ခြေ(၃)လုံး၊အိမ်ထောင်စု(၃)စု၊လူဦးရေ(၂၂)ဦးတို့ အတွက်ဆန်ရိက္ခာ(၇)ရက်စာ(၄၆၂၀၀ိ/-)၊အိမ် ဆောက်ပစ္စည်းဖိုးငွေ(၃၀၀၀၀၀ိ/-)၊ စုုစုပေါင်း (၃၄၆၂၀၀ိ/-)တို့ကို ဘေးသင့်ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးထံသို့ (၂၇-၉-၂၀၁၇)ရက်နေ့တွင်လွဲပြောင်းထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events