Author Archives: Thandar Aung

  • အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာသင်တန်းဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦ စီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် IOM အဖွဲ့တို့ပူးပေါင်း ၍ ပေါက်တောမြို့နယ် အရေးပေါ်တုံ့ပြန်ဆောင်ရွက် မှုဆိုင်ရာသင်တန်းအား (၁၆-၁၀-၂၀၁၇)ရက်မှ (၂၀–၁၀-၂၀၁၇)ရက်ထိ (၅)ရက် ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦ စီးဌာန ခန်းမ၌ သင်တန်းသား အင်အား ( ၂၆ )ဦး ဖြင့်ဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း(၁/၂၀၁၇) ဖွင့်လှစ် မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၁၀-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၁/၂၀၁၇) အား သင်တန်းသားဦးရေ (၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ သရက်တောကျေးရွာ အုပ်စု၊ ထန်းတောချောက်ကျေးရွာ၌(၁၄-၁၀-၂၀၁၇) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦး တို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ(၁၀၅၀၀ိ/-)၊ အိမ် ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀ိ/-)၊ စုစုပေါင်း (၁၁၀၅၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးတို့ ကို သရက်တောအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ (၁၇-၁၀-၂၀၁၇)ရက်နေ့တွင် မီးဘေးသင့်ပြည့်သူများလက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၁၀-၂၀၁၇)ရက်နေ့တွင် မိုးညှင်းမြို့နယ် နမ္မားကျေးရွာ နမ်းခမ်းသာယာကုန်း အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျောင်းသား/သူ အင်အား(၁၀၀)ဦးခန့်ဖြင့် သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါကြောင်း ကြောင်း သတင်းရရှိပါသည်။Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ဆန်ရိက္ခာဖိုးငွေထောက်ပံ့မှုသတင်း

    မန္တလေးတိုင်း ကယ်ဆယ်ရေးဦးစီးမှူးရုံးသည် (၁၅.၁၀.၂၀၁၇) ရက်နေ့များအတွင်း ဖြစ်ပွားသော စဉ့်ကိုင်မြို့နယ် စမုံချောင်း နှင့် ပန်းလောင်ချောင်းတို့ ရေကြီးရေလျံမှုကြောင့် ရေလွတ်ရာကုန်းမြင့်သို့ ရွေ့ပြောင်း ကြရသော ထန်းတောကျေးရွာ၊ ဝန်ပတေ့(တောင်/မြောက်)ကျေးရွာများမှ အိမ်ထောင်စု ၄၁၉ စု မှ လူဦးရေ ၁၄၇၅ ဦးအတွက် ဆန်ရိက္ခာဖိုး ( ၃ )ရက်စာ ထောက်ပံ့ငွေ ၁၃၂၇၅၀၀ ကျပ်တိတိကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦး ပါဝင်သောအဖွဲ့ဖြင့်ကွင်းဆင်းထောက်ပံ့ခဲ့ပါသည်။ရေသန့်ဆေးပြားများကိုလည်းပေးပို့ထောက်ပံ့သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင် ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအုပ်စု ဂန်းချောင်းကျေးရွာတွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင့်ရွှေ့ပြီးဖြစ်သည့် နေအိမ် (၄)လုံး အိမ်ထောင်စု (၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးအား ၁၇-၁၀-၂၀၁၇ ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပြီး ဖြစ်ပါသည်။Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဗ္ဗသိရိသီရီမြို့နယ်၊ ကျည်ထောင်ကန် အမှတ်(၄)တွင်(၈-၁၀-၂၀၁၇)ရက်နေ့ဖြစ်ပွားသောကမ်းပြိုဘေး ကြိုတင်ပြောင်းရွေ့ (၂)အိမ်အတွက် ကယ်ဆယ်ရေး ရန်ပုံငွေ (၂၀၀၀၀၀)ကျပ်နှင့် လူဦးရေစုစုပေါင်း (၁၆)ဦးအတွက်ဆန်ဖိုးငွေ (၃၃၆၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၂)အိမ်ထောင်စာအတွက် (၁၇-၁၀-၂၀၁၇)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း

    ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇဗ္ဗူသိရိမြို့နယ်၊ အ.လ.က(ခွဲ) ၊ဗလသိဒ္ဓိစာသင်ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၆၀)ဦးတို့အား သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်များ၊ ဗီနိုင်းပို့စတာနှင့်လက်ကမ်းစာစောင်များ၊ဂိမ်းကစားခြင်းများ၊ ဗလာစာအုပ်နှင့် ဘောလ်ပင်များဝေငှခဲ့ ကြောင်း သတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံး (ကဆရ)

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၆.၁၀.၂၀၁၇)ရက် နေ့ မကွေးတိုင်းဒေသကြီး နတ်မောက် မြိ့ုနယ်တမလန်းပင်ကျေးရွာအုပ်စု ညောင်ကျပ္ပင်ကျေးရွာမှ ဒေါ်ဝေဝေသင်းသားမောင်ဘို သိန်းသမီးမတင်တင်အေး တိ့ုသည် (၁၁.၁၀.၂၀၁၇) ရက်နေ့တွင် ယာခင်းမှပဲဆွတ်၍နွားလှည်းဖြင့် အပြန်တယ်ပင်အောင်းချောင်း ကိုဖြတ်ကူးစဉ် လှည်းနှင့်နွားများရေစီးအတွင်းမျောပါသွားခဲ့ပြီးလှည်းစီး၍လိုက်ပါသူ(၃)ဦးလုံးရေမျောနစ်မြုပ်သေဆုံးခဲ့ပါသည်။အဆိုပါသေဆုံးသူများအတွက်သေဆုံးထောက်ပံ့ငွေ(၉၀၀၀၀၀/-) ကိုကျန်ရစ်သူူမိသားစုဝင်တစ်ဦး၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events