ထောက်ပံ့ငွေပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၆.၁၀.၂၀၁၇)ရက် နေ့ မကွေးတိုင်းဒေသကြီး နတ်မောက် မြိ့ုနယ်တမလန်းပင်ကျေးရွာအုပ်စု ညောင်ကျပ္ပင်ကျေးရွာမှ ဒေါ်ဝေဝေသင်းသားမောင်ဘို သိန်းသမီးမတင်တင်အေး တိ့ုသည် (၁၁.၁၀.၂၀၁၇) ရက်နေ့တွင် ယာခင်းမှပဲဆွတ်၍နွားလှည်းဖြင့် အပြန်တယ်ပင်အောင်းချောင်း ကိုဖြတ်ကူးစဉ် လှည်းနှင့်နွားများရေစီးအတွင်းမျောပါသွားခဲ့ပြီးလှည်းစီး၍လိုက်ပါသူ(၃)ဦးလုံးရေမျောနစ်မြုပ်သေဆုံးခဲ့ပါသည်။အဆိုပါသေဆုံးသူများအတွက်သေဆုံးထောက်ပံ့ငွေ(၉၀၀၀၀၀/-) ကိုကျန်ရစ်သူူမိသားစုဝင်တစ်ဦး၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events