ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ သရက်တောကျေးရွာ အုပ်စု၊ ထန်းတောချောက်ကျေးရွာ၌(၁၄-၁၀-၂၀၁၇) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦး တို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ(၁၀၅၀၀ိ/-)၊ အိမ် ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀ိ/-)၊ စုစုပေါင်း (၁၁၀၅၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးတို့ ကို သရက်တောအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ (၁၇-၁၀-၂၀၁၇)ရက်နေ့တွင် မီးဘေးသင့်ပြည့်သူများလက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)