Author Archives: Thandar Aung

  • ပခုက္ကူမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအား (၃၀-၁၀-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသား၊ ကျောင်းသူများအား လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာဖြန့်ဝေပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • UEHRD စီမံကိန်းလုပ်ဆောင်ချက်များကို ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ကြောင်းနှင့် လူမှုအဖွဲ့အစည်းများ၏ ကဏ္ဍကလည်း အရေးပါကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား

    ၂၈.၁၀.၂၀၁၇၊ စစ်တွေ UEHRD စီမံကိန်းနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမတွင် ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများ၊ လူငယ်များ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် ၂၈-၁၀-၂၀၁၇ ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက UEHRD ၏ အကောင်အထည်ဖော်မှုလုပ်ငန်းများတွင် ရခိုင်ပြည်သူပြည်သားများအနေဖြင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပါကြောင်း၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရာတွင်လည်း ပြည်သူများ အမှန် တကယ် အကျိုးရှိပြီး လက်ရှိအခြေအနေနှင့်ကိုက်ညီမှုရှိသော လုပ်ငန်းများကို ဦးစားပေးဆောင် ရွက်မည်ဖြစ်ကြောင်း၊ ယခုတက်ရောက်လာသူများတွင် … Read more

  • UEHRD စီမံကိန်း၏လုပ်ငန်းတစ်ရပ်ဖြစ်သော ဒေသဖွံ့ဖြိုးရေးကို ရခိုင်ပြည်နယ်အစိုးရနှင့်အတူ ဆက်လက်ဆောင်ရွက်လျက်ရှိ

    ၂၉-၁၀-၂၀၁၇၊ စစ်တွေ ရခိုင်ပြည်နယ်အတွင်း UEHRD လုပ်ငန်းများကိုဆောင်ရွက်ရာတွင် ဘက်ပေါင်းစုံမှ ပူးပေါင်း ပါ၀င်နိုင်ပြီး အားလုံးပါ၀င်သော အင်အားတစ်ရပ်ဖြင့် အကောင်အထည်ဖော်နိုင်ရေးကို စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း UEHRD ၏ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ဆောင်ရာတွင် ပြည်တွင်းရှိသောအင်အားကို အဓိကထားပြီး မူလအခြေအနေများထက် ပိုမိုကောင်းမွန်သော အခြေအနေတစ်ရပ်ကို ပြန်လည်ပြင်ဆင်ဆောင်ရွက်နေကြကြောင်း၊ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစ်ပြိုင်နက်တည်းဆောင်ရွက်နေကြောင်းဖြင့် (၂၉-၁၀-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက စစ်တွေမြို့၊ ပြည်နယ်အစိုးရရိပ်သာအစည်းအဝေးခန်းမတွင် ကျင်းပသော ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ … Read more

  • UEHRD ၏လုပ်ငန်းစဉ်များတွင်ပူးပေါင်းပါ၀င်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Asian Development Bankမှလာတွေ့ဆုံ

    ၂၇.၁၀.၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Asian Development Bank (ADB) မှ Director General of Southeast Asia Department ဖြစ်သူ Mr.Ramesh Subramaniam က (၂၇-၁၀-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါ၀န်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် ADB ၏မူဝါဒ၊ စီမံကိန်းလုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြပြီး၊ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးစီမံကိန်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ဆောင်ရွက်နေသော မြို့ပြသယ်ယူပို့ဆောင်ရေး၊ … Read more

  • သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကုန်းစုကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကုန်းစုကျေးရွာ၌ (၂၅-၁၀-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၆) ဦးအတွက် Unicef Family Kits (၂၆)မျိုးပါ (၁)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၁၂၆၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၂၆၀၀) ကျပ်အား (၂၇-၁၀-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ … Read more

Sign Up

Upcoming Events