Author Archives: Thandar Aung
-
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြစ်ဆယ်ကျေးရွာအုပ်စု၊ မြစ်ဆယ်ကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြစ်ဆယ်ကျေးရွာအုပ်စု၊ မြစ်ဆယ်ကျေးရွာ၌(၁၂-၁၁-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် ၂ လုံး၊ အိမ်ထောင်စု ၂ စုမှ လူဦးရေ ၈ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး ၂ အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာ ရ ရက်စာရန်ပုံငွေ (၁၆၈၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၆၈၀၀) ကျပ်တိတိအား … Read more
-
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ လုပ်ငန်းအကောင်အထည်ဖော်မှုအစီအစဉ် ညှိနှိုင်း အစည်းအဝေးကျင်းပ
================================================= နေပြည်တော် နိုဝင်ဘာ ၁၄ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)၏ လုပ်ငန်းအကောင် အထည်ဖော်မှုအစီအစဉ် ညှိနှိုင်းအစည်းအဝေးကို (၁၄-၁၁-၂၀၁၇) ရက်နေ့၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ သက်ဆိုင်ရာဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေး၌ UEHRD ၏စီမံချက်တွင် ပါ၀င်ရေးဆွဲထားသည့် လူသားချင်းစာနာထောက်ပံ့မှု အကူအညီများ ပေးခြင်း … Read more
-
ဗန်းမော်မြို့ AD 2000 IDP စခန်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၇) ရက်နေ့တွင် ဗန်းမော်မြို့ AD 2000 IDP စခန်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူ (၉၀) ဦးထံ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်၊ နယ်မြေ (၈) လီဆူးဘုရားကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
================================================= Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= (၁၄-၁၁-၂၀၁၇) ရက်နေ့၊ နေ့လည် (၁၃းဝဝ ~ ၁၅းဝဝ) နာရီအချိန်တွင် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်၊ နယ်မြေ (၈) လီဆူးဘုရားကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ တာဝန်ရှိသူများက သဘာဝဘေးနှင့်စပ်လျဉ်းသည့်အကြောင်းအရာများအား ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၁၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကြူဆော့ကျေးရွာအုပ်စု၊ ကြူဆော့ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
================================================= Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၇) ရက်နေ့၊ (၀၉းဝဝ~၁၀း၄၀) နာရီအချိန်တွင် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကြူဆော့ကျေးရွာအုပ်စု၊ ကြူဆော့ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက သဘာဝဘေးနှင့်စပ်လျဉ်းသည့်အကြောင်းအရာများအား ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၁၀၀) ဦးရှိကြောင်း သိရှိရပါသည်။
-
ပုသိမ်ကြီးမြို့နယ်၊ ကြံခင်းကျေးရွာနှင့် သံဘိုကျွန်းကျေးရွာတို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို (၁၀-၁၁-၂၀၁၇) ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်၊ ကြံခင်းကျေးရွာ၌ ကျေးရွာသူ/သား လူဦးရေ (၁၅၀) ဦးဖြင့်လည်းကောင်း၊ ပုသိမ်ကြီးမြို့နယ်၊ သံဘိုကျွန်းကျေးရွာ၌ ကျေးရွာသူ/သား လူဦးရေ (၂၀၀) ဦးဖြင့် လည်းကောင်း ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မိုင်းပျဉ်းမြို့နယ်၊ မီးသတ်ဦးစီးဌာန၌ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် မိုင်းပျဉ်းမြို့နယ်၊ မီးသတ်ဦးစီးဌာန၌ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား (၈/၉-၁၁-၂၀၁၇) ရက်နေ့များတွင် သင်တန်းသား (၅၀) ဦးဖြင့်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။
-
ကလေးစာပေပွဲတော်ကျင်းပသည့် ဂေါ့ ကွန်ပျူတာတက္ကသိုလ်၌ သဘာဝဘေးအန္တရာယ် ရှောင်ရန်၊ ဆောင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
================================================= Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= (၁၀-၁၁-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပ့ံပိုးကူညီမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သထုံမြို့နယ် စာကြည့်တိုက်များကွန်ယက်တို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော် ကျင်းပရာ ဂေါ့ ကွန်ပျူတာတက္ကသိုလ် တွင် သဘာဝဘေးအန္တရာယ် ရှောင်ရန်၊ ဆောင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ပေါင်မြို့နယ်၊ ဒရိန်းကျေးရွာနှင့် ကျားဘိုကျေးရွာများ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၁၇) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ပေါင်မြို့နယ်၊ ဒရိန်းကျေးရွာ၌ လည်းကောင်း၊ (၁၄:၀၀) နာရီအချိန်တွင် ကျားဘိုကျေးရွာ၌လည်းကောင်း၊ ပေါင်မြို့နယ်သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီအဖွဲ့များနှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ တစ်ရွာလျှင်ပြည်သူ (၂၀၀) ဦးကျော်၊ စုစုပေါင်းပြည်သူ(၄၀၀) ဦးကျော် တက်ရောက်ခဲ့ပါသည်။ ၄င်းနောက်မီးငြိမ်းသတ်ခြင်းအား လက်တွေ့သရုပ်ပြသခြင်း၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ … Read more
-
ညောင်ဦးမြို့နယ်၊ ချောင်းရှည်အုပ်စု၊ အနောက်အုံကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= (၉-၁၁-၂၀၁၇) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ ချောင်းရှည်အုပ်စု၊ အနောက်အုံကျေးရွာ၌ မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၄) မျိုး (၃)အိမ်ထောင်စာ၊ လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၁၅၀၀) ကျပ်၊ အိမ်ဆောက်ပစ္စ္စည်းတန်ဘိုး(၃၀၀၀၀၀) ကျပ်တို့ကို ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
