Author Archives: Thandar Aung
-
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့နယ် အံဖကြီးကျေးရွာအုပ်စု ကမိုင်ကုန်းကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= (၁-၁-၂၀၁၈) ရက်နေ့တွင် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့နယ် အံဖကြီးကျေးရွာအုပ်စု ကမိုင်ကုန်းကျေးရွာ ဒေါ်နော်မုထူနေအိမ်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁)လုံး အိမ်ထောင်စု(၁)စုမှ လူဦးရေ (၅) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၁၀၀၀၀၀ိ/- နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခဖိုးငွေ(၁၀၅၀၀ိ/-) စုစုပေါင်း (၁၁၀၅၀၀ိ/-) အား (၅-၁-၂၀၁၈) ရက်နေ့တွင် ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘွာလ်တပ်ကျေးရွာအုပ်စု၊ ဘွာလ်တပ်ကျေးရွာ၊ နှစ်ခြင်းအသင်းတော်ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘွာလ်တပ်ကျေးရွာအုပ်စု၊ ဘွာလ်တပ်ကျေးရွာ၊ နှစ်ခြင်းအသင်းတော်ခန်းမ၌ (၄-၁-၂၀၁၈) ရက်နေ့့၊ (၁၀း၃၀) နာရီမှ (၁၅းဝဝ) နာရီအထိ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း (အထူးသဖြင့် ငလျင်းဘေး၊ မီးဘေးနှင့် မြေပြိုဘေးအကြောင်း)၊ ချင်းပြည်နယ်အတွင်း ဖြစ်ပွားတတ်သော ဘေးများအကြောင်းနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောပို့ချခဲ့ပြီး တက်ရောက်သူ (၅၀) … Read more
-
ကျောက်မဲမြို့နယ်အောင်မြေသာယာဘုန်းကြီးကျောင်းသို့ နမ့်ဆန်မြို့နယ်ကြက်သေကျေးရွာမှ ထပ်မံ၍တိမ်းရှောင်လာသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= (၃-၁-၂၀၁၈) ရက်နေ့ ညနေပိုင်းတွင် ကျောက်မဲမြို့နယ်အောင်မြေသာယာဘုန်းကြီးကျောင်းသို့ နမ့်ဆန်မြို့နယ်ကြက်သေကျေးရွာမှ ထပ်မံ၍တိမ်းရှောင်လာသော တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၃၅) စုမှ လူဦးရေ (၁၃၇) ဦးအတွက် (၄-၁-၂၀၁၈) ရက်နေ့၊ (၀၈းဝဝ) နာရီအချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူး၏ကြီးကြပ်မှုဖြင့် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု (၃၅) စုစာအား ထောက်ပ့ံပေးခဲ့ကြောင်း သိရှိရပါသည်။
-
ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်၊ ရွှေဖရုံမယ်လမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ်တစ်လုံးအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= (၁-၁-၂၀၁၈) ရက်နေ့တွင် ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်၊ ရွှေဖရုံမယ်လမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁)သိန်းကျပ်၊ ဆန်ဖိုး(၂၁၀၀) ကျပ် စုစုပေါင်း(၁၀၂၁၀၀) ကျပ်တိတိအား (၄-၁-၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် ဘေးသင့်သူများထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
တိုက်ပွဲရှောင်စခန်းများသို့ ကွင်းဆင်းလေ့လာမှုသတင်း
=================================== Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) =================================== (၂-၁-၂၀၁၈) ရက်နေ့တွင် UNOCHA၊ UNFPA၊ UNWFP၊ UNCIEF နှင့်UNHCR အဖွဲ့မှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများထံ လာရောက်တွေ့ဆုံခဲ့ပြီး တိုက်ပွဲရှောင်စခန်းများသို့ ကွင်းဆင်းလေ့လာခဲ့ကာ လိုအပ်ချက်များအား မေးမြန်းခဲ့ကြပါသည်။ အဆိုပါကွင်းဆင်းလေ့လာရာတွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ဘိသလွန်ကျေးရွာအုပ်စု ဝါးရုံစုကျေးရွာ ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ဘိသလွန်ကျေးရွာအုပ်စု ဝါးရုံစုကျေးရွာ၌ (၁-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၃)စု လူဦးရေ (၁၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး – (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၂၃၁၀၀)ကျပ် စုစုပေါင်း ကယ်ဆယ်ရေးထောက်ပ့ံရန်ပုံငွေ (၃၂၃၁၀၀) ကျပ်တိတိကို (၃-၁-၂၀၁၈) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကယ်ဆယ်ရေး) မှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပ့ံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စု၊ အလယ်စုကျေးရွာ ကမ်းပြိုဘေးနှင့် မီးဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စု၊ အလယ်စုကျေးရွာ၌ (၂၆-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၂)စု လူဦးရေ(၁၄) ဦးနှင့် (၃၁-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁)စု လူဦးရေ(၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး – (၂) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး – (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး(၃၁၅၀၀)ကျပ် … Read more
-
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ မြစ်ဆယ်ကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ မြစ်ဆယ်ကျေးရွာအုပ်စု၌ (၂-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်းခဲ့ရသည့် နေအိမ် (၃)အိမ်၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ(၁၀)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၃)အိမ်ထောင်စာ ဆန်ရိက္ခာ(၇)ရက်စာ (၂၁၀၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀ိ/-)၊ စုစုပေါင်း ရန်ပုံငွေ(၃၂၁၀၀၀ိ/-) အား (၃-၁-၂၀၁၈) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုတစ်စုအတွက် ထောက်ပံ့မှုသတင်း
====================================================Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ——— ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ (၃၀-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ပျက်စီးခဲ့သည့် နေအိမ် (၂)ထပ် ဘော်ဒါဆောင် (၃၀x၂၅x၄၀)ပေ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း) (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၁)ဦးအတွက် Family Kits (၂၆)မျိုးပါ (၁)ပုံး၊ ပလပ်စတစ်ပုံး (၁)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ (၂၁၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)၊ စုစုပေါင်း ရန်ပုံငွေ(၂၀၂၁၀၀ိ/-) အား (၃-၁-၂၀၁၈) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် … Read more
-
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အကြီးစားပြုပြင်မွမ်းမံတည်ဆောက်ပေးသော မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း အဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
================================================= ၂၉-၁၂-၂၀၁၇၊ မန္တလေး ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့သည် (၂၉-၁၂-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန မန္တလေးပြန်လည်ထူထောင်ရေး စခန်း၌ကျင်းပသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အကြီးစားပြုပြင်မွမ်းမံတည်ဆောက်ပေးသော မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အစိုးရသစ်အနေဖြင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်နေပါကြောင်း၊ မိမိတို့ ၀န်ကြီးဌာနအနေဖြင့်လည်း ပဋိိသန္ဓေတည်သည်မှစ၍ အိုမင်းမစွမ်းအချိန်ထိ လူမှုကာကွယ် စောင့်ရှောက်မှု လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိရာ ပြန်လည်ထူထောင်ရေးလုပ်ငန်များတွင် … Read more
