Author Archives: Thandar Aung

  • ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအတွက် လက်ခံရေးစခန်းများနှင့် ကြားစခန်း တည်ဆောက်မှု အချိန်မီအသင့်ဖြစ်မည်

    ================================================= ၁၄-၁-၂၀၁၈၊ စစ်တွေ ================================================= ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောက်ရှိနေသော UEHRD ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ (၁၄-၁-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် စစ်တွေမြို့၌ ပြုလုပ်နေသော ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှ မွေးဖွားသော ကလေးအသက် (၂)နှစ်အထိ ငွေကြေးထောက်ပံ့ပေးသောအစီအစဉ် ပြည်သူလူထုသို့ အသိပေးခြင်းနှင့် လုပ်ငန်း အကောင်အထည်ဖော်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့မှ မောင်တောမြို့သို့ ထွက်ခွာလာပြီး မောင်တောမြို့နယ်၊ … Read more

  • မိုင်းဖြတ်မြို့နယ်၊ ပါလောင်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

    ================================================= Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁-၂၀၁၈) ရက်နေ့၊ (၁၃းဝဝ) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ပါလောင်းကျေးရွာရှိ လူဦးရေ ၁၀၅ ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြော၍ ဗီနိုင်းပိုစတာများနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

  • မော်လမြိုင်မြို့နယ်၊ ညောင်ပင်ဆိပ်ရပ်ကွက် မီးဘေးသင့် အိမ်ထောင်စုတစ်စုအတွက် ထောက်ပံ့မှုသတင်း

    ================================================= Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= (၇-၁-၂၀၁၈) ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ ညောင်ပင်ဆိပ်ရပ်ကွက်၌ မီးလောင်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ် ၁ လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ family kit (၁) ထုပ်၊ ပလပ်စတစ်ရေပုံး ၂ ပုံးအားလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ ၁သိန်း၊ လူဦးရေ ၁ ဦး အတွက် ဆန်ဖိုးငွေ ၂၁၀၀ ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၁၀၂၁၀၀) ကျပ်တိတိအား (၈-၁-၂၀၁၈) ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူး (ကဆရ)နှင့် … Read more

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးက တာဝန်ပြီးဆုံး၍ လာရောက်နှုတ်ဆက်

    ================================================= ၈-၁-၂၀၁၈၊ နေပြည်တော်—————– လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E Mr. Mohammad Suffiur Rahman က (၈-၁-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးက မိမိအနေဖြင့် ယခုလကုန်ပိုင်းတွင် တာဝန်ပြီးဆုံးပြီဖြစ်၍ လာရောက်နှုတ်ဆက်ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ် တာဝန် ထမ်းဆောင်ချိန်မှစ၍ နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ရခိုင်ပြည်နယ်ခရီးစဉ်များတွင် ပြည်သူများနှင့်တွေ့ဆုံပြီး ဘက်ပေါင်းစုံမှ တင်ပြချက်များကို နားထောင်ခြင်းဖြင့် … Read more

Sign Up

Upcoming Events