Author Archives: Thandar Aung

  • မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီအစည်းအဝေး(၁/၂၀၁၈)ကျင်းပမှုသတင်း

    ================================================= ၇-၂-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီအစည်းအဝေး(၁/၂၀၁၈)ကို (၇-၂-၂၀၁၈) ရက်နေ့၊ မွန်းလွဲ(၁)နာရီတွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာ စကား‌ြေပာကြားခဲ့ပါသည်။ ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီက ချမှတ်ထားသည့် မူဝါဒ(၄)ရပ်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ထားမှုများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း(၂၀၁၃-၂၀၂၂) (NSPAW) ကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်၏ဦးစားပေးကဏ္ဍများဖြစ်သည့် … Read more

  • မြစ်ကြီးနားမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း

    ================================================= Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး ================================================= ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးသည် (၆-၂-၂၀၁၈) ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ IOM အဖွဲ့အစည်းတို့နှင့်ပူးပေါင်း၍ သဘာဝဘေးအန္တ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ခဲ့ရာ လူမှုရေးဝန်ကြီးဒေါက်တာ သင်းလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားခြင်းနှင့် IOM အဖွဲ့အစည်းမှ Project Coordinator Dedy Alfian က သင်တန်းနှင့်ပတ်သတ်၍ ရည်မှန်းချက်များအား ရှင်းလင်းတင်ပြခဲဲ့့ကြပါသည်။ သင်တန်းအား (၆-၂-၂၀၁၈) မှ (၉-၂-၂၀၁၈) အထိ ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • ရှမ်းပြည်နယ်နေ့အခမ်းအနား၌ သဘာဝဘေးအသိပညာပေးပြခန်း ခင်းကျင်းပြသမှုသတင်း

    ================================================= Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး ================================================= ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၁၈) ရက်နေ့တွင် ကျရောက်သော ရှမ်းပြည်နယ်နေ့အခမ်းအနား၌ သဘာဝဘေးအသိပညာပေးပြခန်း ခင်းကျင်းပြသခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် စစ်ဘက်နယ်ဘက်မှ အကြီးအကဲများနှင့် အခြားဧည့်သည်တော်များ တက်ရောက်ကြပြီး သဘာဝဘေးအသိပညာပေးပြခန်းအား လာရောက်ကြည့်ရှုကြရာ ပြည်နယ်ဦးစီးမှူးက ပြခန်း၌ ပြသထားသည်များကို ရှင်းလင်းခဲ့ပါသည်။ အဆိုပါပြခန်းအား ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ထိ (ပြည်ထောင်စုနေ့) ဆက်လက်ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • ကျုံပျော်မြို့နယ်၊ သောင်ရွာကျေးရွာအုပ်စု၊ သောင်ရွာ ရွာမကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

    ================================================= Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး ================================================= ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၁၈) ရက်နေ့တွင် ကျုံပျော်မြို့နယ်၊ သောင်ရွာကျေးရွာအုပ်စု၊ သောင်ရွာ ရွာမကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပရာ ပြည်သူလူထု (၁၅၀) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် တာဝန်ရှိသူများက ဘေး(၈)မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပိုစတာများ ဗီနိုင်းများ ပေးအပ်ခြင်း၊ ကျေးရွာအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

  • ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပြောကြား

    ================================================= ၅-၂-၂၀၁၈၊ နေပြည်တော် မိမိဆန္ဒအလျောက်နေရပ်ပြန်ခြင်းဆိုင်ရာ ဒုတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို (၅-၂-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်ရှိ M Gallery By Sofitel Hotel တွင် ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ၂၀၁၆ ခုနှစ်၊ မေလကပင် စတင်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သော ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၄င်းကော်မတီ၏အောက်တွင် လုပ်ငန်းကော်မတီ(၄)ခုကိုလည်း … Read more

  • ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ရာဇသင်္ကြန်လမ်းနေ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ================================================= Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ================================================= ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၌ (၄-၂-၂၀၁၈) ရက်နေ့တွင် မီးလောင်မှုကြောင့် လုံးဝပျက်စီးခဲ့သည့် အိမ်ခြေ(၄)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ခြေ(၂)လုံးတို့မှ စုစုပေါင်းအိမ်ထောင်စု(၈)စု၊ စုစုပေါင်းလူဦးရေ(၄၄)ဦးတို့ မီးဘေးသင့်ခဲ့သဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၅-၂-၂၀၁၈) ရက်နေ့တွင် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇)ရက်စာဖိုး (၉၂၄၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေ (၉၉၂,၄၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ထောင်စု(၈)စုစာအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events