Author Archives: Thandar Aung
-
ထားမေတ္တာ ကုသိုလ်ပြုပေါင်းစုမှုအဖွဲ့မှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ လာရောက်လှူဒါန်းမှုသတင်း
================================================ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၄-၉-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ထားမေတ္တာ ကုသိုလ်ပြုပေါင်းစုမှုအဖွဲ့မှ ရေဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်းသော အလှူငွေကျပ် (၁၅,၀၀,၀၀၀ိ/-) အား လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ကမာရွတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ငလျင်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောမှုသတင်း
================================================ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ကမာရွတ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု (၁၀၀) ဦးခန့်တို့အား ငလျင်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့်သက်ဆိုင်သော အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ဘိုကလေးမြို့နယ်၊ အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မှုသတင်း
================================================ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ဆရာ ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား (၂၁၀၀) ခန့် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
-
ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ အလှူငွေများပေးအပ်လှူဒါန်း
==================================================== နေပြည်တော် ၊ စက်တင်ဘာလ ၄ ရက်———————————– မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံဘေးများကြောင့် ရေဘေးသင့် ပြည်သူများအတွက် ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Hong Liang ဦးဆောင်သည့်အဖွဲ့က လှူဒါန်းငွေ အမေရိကန်ဒေါ်လာ(၁)သိန်းကို စက်တင်ဘာလ (၄)ရက်နေ့ နံနက်(၁၀း၃၀) အချိန်တွင်လည်းကောင်း၊ နတ်မောက်ကွန်ရက်နှင့် နတ်မောက်မြို့နယ်အသင်း (နေပြည်တော်)က လှူဒါန်းငွေကျပ် (၇၂၀,၅ဝဝိ/-)ကို နံနက် (၁၀း၅၀)အချိန်တွင်လည်းကောင်း နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အသီးသီး လာရောက်ပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း၊ … Read more
-
ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာအုပ်စု၊ ဆောင်ဒူကျေးရွာ၌ သဘာဝဘေးဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း
================================================ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၁၈) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာအုပ်စု၊ ဆောင်ဒူကျေးရွာရှိ ရပ်ရွာပြည်သူ (၂၀၀) ဦးအား သဘာဝဘေးဆိုင်ရာအသိပညာပေးဟောပြောပေးခဲ့ပြီး တက်ရောက်သူအား လက်ကမ်းစာစောင်များကိုဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး ဖွင့်လှစ်မှုသတင်း
================================================ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၁၈) ရက်နေ့တွင် ချောင်းဝရပ်ကွက်၊ ဦးဥတ္တမလမ်းရှိ ရသေ့တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးအား ဖွင့်လှစ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ တတ်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
-
မိုင်းဖြတ်မြို့နယ်၊ ဝမ်နောင်ရပ်ကွက်၌ ငလျင်ဘေးနှင့် အခြားသဘာဝဘေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
================================================ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ဝမ်နောင်ရပ်ကွက်၌ ငလျင်ဘေးနှင့် အခြားသဘာဝဘေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ လူဦးရေ (၈၀) ဦး တက်ရောက်ခဲ့ပါသည်။ တာဝန်ရှိသူများက တက်ရောက်သူများထံ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ရဲနွယ်ချောင်းရေတိုက်စားမှုကြောင့် ကျေးရွာချင်းဆက်တံတားများ မျောပါပျက်စီးခဲ့ပြီး လတ်တလော အသုံးပြုနိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကူညီထောက်ပံ့မှုများပြုလုပ်
================================================= စက်တင်ဘာ ၂၊ ပြွန်တန်ဆာ——————– ပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာဒေသရှိ ရဲနွယ်ချောင်းရေလျှံတက်ခြင်း၊ ချောင်းရေတိုက်စားခြင်းတို့ကြောင့် ချောင်းကမ်းဘေးတစ်လျောက်ရှိ ကျေးရွာများဖြစ်သော ဂျို့ပင်ရွာ၊ ဇီးဖြူဘုရားရွာ၊ ဆင်ကူးရွာ၊ ကဒါးရွာရှိ ကုန်ထုတ် လူကူးသစ်သားတံတားများ မျောပါပျက်စီးခဲ့ရာ ဒေသခံ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အခက်အခဲကြုံတွေ့ရပြီး ချောင်းတစ်လျောက်ရှိ ကျေးရွာအချင်းချင်း ကူးသန်းသွားလာခြင်း၊ ကုန်စည်ရောင်းဝယ်ခြင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများတွင် ပုံမှန်ဆက်သွယ်ကူးသန်းသွားလာနိုင်ရန် ကျေးရွာချင်းဆက်တံတားများ အမြန်လိုအပ်လျက်ရှိသောကြောင့် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် (၂-၉-၂၀၁၈) … Read more
-
သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာ၌ (၂၇-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀ိ/-) အား (၃၁-၈-၂၀၁၈) ရက်နေ့တွင် သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း လေဘေးနှင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု ဆင်ဒင်ကျေးရွာ၌ (၂၇-၈-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ အဆိုပါအိမ်ခြေရှိ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် ဆန်ဘိုး (၇) ရက်စာ ထောက်ပံ့ငွေကျပ် (၈၄၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာကိုလည်းကောင်း၊ မြိတ်ခရိုင်၊ … Read more
