Author Archives: Thandar Aung

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ် စိုက်ထူမှုသတင်း

    ================================================ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်အား (၂၁-၉-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ရွှေမင်းဝံလမ်းဘေးရှိ ကမ္ဘောဇဘဏ်တောင်ဘက် ဈေးအနီး၌ စိုက်ထူခဲ့ကြောင်း သိရှိရပါသည်။

  • လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

       ================================================ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ တောင်ကုန်းကျေးရွာအုပ်စု၊ ကျောက်ပါးစပ်ဒေသ၌ (၁၈-၉-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်ခဲ့သည့် နေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀၀၀) ကျပ်အား (၂၀-၉-၂၀၁၈)ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် ဝန်းသိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ … Read more

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကချင်ပြည်နယ် မိုးကောင်းနှင့်ဝိုင်းမော်မြို့နယ်များတွင် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်

    ============================================ စက်တင်ဘာ ၁၆၊ မြစ်ကြီးနား———————– ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် မိုးကောင်း၊ ဖားကန့်၊ တနိုင်း၊ မိုးညှင်းမြို့နယ်များရှိ မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများနှင့်မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို မိုးကောင်းမြို့ရှိ မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရက တည်ဆောက်လျက်ရှိသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်ရာတွင် တိုင်းရင်းသားများ အပါအဝင် ပြည်သူအားလုံးအတွက် တရားသောဥပဒေများကို လက်တွေ့ကျင့်သုံးနိုင်မှုနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးရေးကို အဟန့်အတားဖြစ်စေမှုများကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန် … Read more

  • ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

    =========================================== Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ========================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၏ ဦးဆောင်မှုဖြင့် (၁၅-၉-၂၀၁၈) ရက်နေ့မှ (၁၆-၉-၂၀၁၈) ရက်နေ့အထိ မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက်၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ NGO များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၃၀၀) ဦးဖြင့် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

  • သဘာဝ‌ဘေး‌လျော့ပါး‌ရေးအသိပညာ‌ပေး‌ဟော‌ပြောပွဲ ပြုလုပ်မှုသတင်း

    ============================================ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ============================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၁၈) ရက်နေ့တွင် မြန်မာလူမှုဖွံ့ဖြိုးတိုးတက်အသင်‌း(SDA)နှင်‌့ ပူး‌ပေါင်‌း၍ ဖျာပုံခရိုင် ဖျာပုံမြို့နယ် ဆိပ်မ‌ကျေးရွာအုပ်စု၊ ဆိပ်မမူလတန်‌း‌ကျောင်‌း၌ သဘာဝ‌ဘေး‌လျော့ပါး‌ရေးအသိပညာ‌ပေး‌ဟေ ာ‌ပြောခြင်‌းနှင်‌့ က‌လေးသူငယ်ကာကွယ်‌‌စောင်‌့‌ရှောက်‌‌ရေးများ ‌ဟော‌ပြောခဲ့ကြပါသည်။ သဘာဝ‌ဘေးအန္တရာယ်နှင်‌့ပတ်သက်၍ ရင်ဆိုင်ကြုံ‌တွေ့ပါက ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန် ဆောင်ရွက်ကာကွယ်တတ်ရန်အတွက် လက်‌‌တွေ့သရုပ်‌ပြခြင်‌းများကိုလည်‌း‌ကောင်‌း၊ က‌လေးသူငယ်အခွင်‌့အ‌ရေးများ သိရှိနားလည်‌‌စေရန်အတွက်လည်‌း‌ကောင်‌း ဟော‌ပြော‌ဆွေး‌နွေးခဲ့ခြင်‌းအား ကျောင်‌းသူ ကျောင်‌းသား (၈၀) ဦးမှ စိတ်ပါဝင်စားစွာ တက်‌‌ရောက်နား‌ထောင်ခဲ့ကြကြောင်း သိရှိရပါသည်။

  • ‌ဘေးကင်‌းလုံခြုံစိတ်ချရ‌သော စာသင်‌‌ကျောင်‌းအ‌ခြေပြုသဘာဝ‌ဘေး‌လျော့ပါး‌ရေး‌ဆွေး‌နွေး‌ဟော‌ပြောပွဲ ပြုလုပ်မှုသတင်း

        ============================================ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ============================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၁၈) ရက်နေ့တွင် မြန်မာလူမှုဖွံ့ဖြိုးတိုးတက်အသင်‌း(SDA)နှင်‌့ ပူး‌ပေါင်‌း၍ ဖျာပုံခရိုင် ဖျာပုံမြို့နယ် အမာမြို့ နောက်မီး‌ကျေးရွာအုပ်စု၊ ဥ‌ပေ‌ကျေးရွာအလယ်တန်‌း‌ကျောင်‌း(ခွဲ)၌လည်‌း‌ကောင်‌း၊ နောက်မီး‌ကျေးရွာအုပ်စု၊ မင်္ဂလာ‌‌‌သောင်တန်‌း‌ကျေးရွာမူလတန်‌းလွန်‌‌ကျောင်‌း၌လည်‌း‌ကောင်‌း၊ သဘာဝ‌ဘေး‌လျော့ပါး‌ရေး အသိပညာ‌ပေး‌ဟော‌ပြောခြင်‌းနှင်‌့ က‌လေးသူငယ်ကာကွယ်‌‌စောင်‌့‌ရှောက်‌‌ရေးများ ဟော‌ပြောခဲ့ကြပါသည်။ သဘာဝ‌ဘေးအန္တရာယ်နှင်‌့ပတ်သက်၍ ရင်ဆိုင်ကြုံ‌တွေ့ပါက ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်‌‌ဆောင်ရွက်ကာကွယ်တတ်ရန်အတွက် လက်‌‌တွေ့သရုပ်‌ပြခြင်‌းများကိုလည်‌း‌ကောင်‌း၊ က‌လေးသူငယ်အခွင်‌့အ‌ရေးများ သိရှိနားလည်‌‌စေရန်အတွက်လည်‌း‌ကောင်‌း ဟော‌ပြော‌ဆွေး‌နွေးခဲ့ရာ ဥ‌ပေကျေးရွာအလယ်တန်‌းခွဲ‌ကျောင်‌းတွင် ကျောင်‌းသား ကျောင်‌းသူ (၁၇၀) ဦး၊ … Read more

  • လေရှီးမြို့နယ်အတွင်းရှိ စာသင်ကျောင်း (၂) ကျောင်းအတွက် အလူဇင့်သွပ်များ ထောက်ပံ့မှုသတင်း

    ============================================ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ) ============================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ မယလုံကျေးရွာ အ.မ.က(လွန်)ကျောင်းအတွက် အလူဇင့်သွပ် (၇၀)ချပ်၊ ရေကျော်ကျေးရွာ အ.မ.က ကျောင်းအတွက် အလူဇင့်သွပ် (၁၂၀)ချပ်၊ စုစုပေါင်း သွပ် (၁၉၀) ချပ်တို့ကို (၁၅-၉-၂၀၁၈)နေ့တွင် လေရှီးမြို့နယ်ပညာရေးမှူးရုံး၌ ထောက်ပံ့မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ် စိုက်ထူခြင်း

    =========================================== Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) =========================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၁၈) ရက်နေ့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်အား ကသာမြို့၊ ဈေးကြီးအနီး၊ အထက-၁ကျောင်းရှေ့၌ စိုက်ထူခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events