Author Archives: Thandar Aung
-
အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အကြိုလုပ်ရှားမှုအဖြစ် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း
================================================ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် DRR Working Group အဖွဲ့တို့ပူးပေါင်း၍ (၁၃-၁၀-၂၀၁၈) ရက်နေ့တွင် ကျရောက်မည့် ၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အကြိုလုပ်ရှားမှုအဖြစ် (၁၂-၁၀-၂၀၁၈) ရက်နေ့တွင် ဘားအံမြို့အတွင်းလှည့်လည်၍ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးဆိုင်ရာ မေးခွန်းများမေးမြန်းခြင်း၊ အဖြေမှန်သူများအား တီရှပ်လက်ဆောင်များ ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ဇလုပ်ကြီးအုပ်စု၊ ညောင်တန်းကျေးရွာ၌ (၇-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(၁)လုံး၊ ၎င်းအိမ်ထောင်စု (၁)စုရှိ လူဦးရေ (၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၈၉၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၅၆၂၃၅) ကျပ်ကို ( ၁၁-၁၀-၂၀၁၈) ရက်နေ့တွင် … Read more
-
ရွှေ့ပြောင်းအလုပ်သမား ရခိုင်တိုင်းရင်းသား (၁၆) ဦးအတွက် ထောက်ပံ့ခြင်း
================================================ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့မှ ကျိုင်းတုံမြို့သို့ (၁၀-၁၀-၂၀၁၈) ရက်နေ့တွင် ရောက်ရှိလာသော ရွှေ့ပြောင်းအလုပ်သမား ရခိုင်တိုင်းရင်းသား ကျား (၁၄) ဦး၊ မ (၂) ဦး၊ စုစုပေါင်း (၁၆) ဦးတို့အား ကျားလုံချည် (၁၄) ထည်၊ မလုံချည် (၂) ထည်၊ တီရှပ် (၁၆) ထည်၊ တဘက် (၁၆) ထည်၊ … Read more
-
အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ (International Day for Disaster Reduction-IDDR) အထိမ်းအမှတ်အကြိုအဖြစ် စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်ခြင်း
================================================ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့်အတူ NGO/INGO အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ စုပေါင်း၍ (၁၃-၁၀-၂၀၁၈) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနားအကြိုလုပ်ရှားမှုအနေဖြင့် (၁၂-၁၀-၂၀၁၈) ရက်နေ့တွင် မြစ်ကြီးနားမြို့ ပြည်သူ့ရင်ပြင်၌ နံနက် (၀၈း၀၀) နာရီမှစ၍ စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ (International Day for Disaster Reduction-IDDR) အထိမ်းအမှတ်အကြိုအဖြစ် ဒီရေတောပင် စိုက်ပျိုးခြင်းအခမ်းအနား ပြုလုပ်ခြင်း
================================================ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၀-၂၀၁၈) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ်ကျေးရွာ၌ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ (International Day for Disaster Reduction-IDDR) အထိမ်းအမှတ်အကြိုအဖြစ် ဒီရေတောပင် စိုက်ပျိုးခြင်းအခမ်းအနားအား NGOs၊ INGOs အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဌာနဆိုင်ရာများ၊ ကျေးရွာသူ/ သား အင်အား (၁၅၀) ဦးဖြင့် ပျုးခြေထောက် သစ်ပင် (၃၀၀၀) အား စိုက်ပျိုးခဲ့ကြကြောင်း … Read more
-
မိုးကြိုးဘေးထောက်ပံ့ခြင်း
================================================ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ပက်ပြဲကျေးရွာနေ မောင်နိုင်(၁၇)နှစ် (ဘ)ဦးလှဝင်းသည် (၁-၁၀-၂၀၁၈) ရက်နေ့တွင် မိုးကြိုးထိမှန်သေဆုံးခဲ့ခြင်းအတွက် ထောက်ပံ့ငွေ (၃) သိန်းကျပ်အား (၉-၁၀-၂၀၁၈) ရက်နေ့တွင် သေဆုံးသူ၏ဖခင်ထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ဖျာပုံမြို့နယ် ဒေါ်ညိမ်း Shelter နှင့် ဓမင်းဆိပ် Shelter ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခြင်း
================================================ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၀-၂၀၁၈) ရက်နေ့တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ဖြည့်စွက်ရန်ပုံငွေဖြင့် ဖျာပုံမြို့နယ် ဒေါ်ညိမ်း Shelterနှင့် ဓမင်းဆိပ် Shelter ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းပြီးစီးမှုအား ဖျာပုံခရိုင်စာရင်းစစ်အဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
မီးလောင်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်းအတွက် ထောက်ပံ့ခြင်း
================================================ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်၊ ရွှေင်္ဟသာအရှေ့ပေါက်၊ မြတ်လေးရုံဘုန်းကြီးကျောင်း၌ (၂၈-၉-၂၀၁၈) ရက်နေ့တွင် မီးလောင်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အဆိုပါဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-) အား (၁၀-၁၀-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ရေလယ်သောင်ကျေးရွာ၌ (၃-၁၀-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၈)လုံး၊ ၎င်းအိမ်ထောင်စု (၈)စုရှိ လူဦးရေ(၄၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၈)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၈၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၉၂၄၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၈၉၂၄၀၀) ကျပ်ကို (၉-၁၀-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၁)လုံးအတွက် ထောက်ပံ့ခြင်း
================================================ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ မာယူချောင်းကျးရွာ၌ (၈-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် ၁ လုံး၊ အိမ်ထောင်စု ၁ စုမှ လူဦးရေ ၂ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး ၇ ရက်စာရန်ပုံငွေ (၄၂၀၀ိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၄၂၀၀ိ/-) အား … Read more
