Author Archives: Department of Disaster Management
-
မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ရန်ကုန်-မြောင်းမြ-လပွတ္တာ အဝေးပြေးလမ်းမ၊ မီတာ (၄၀၀) ကားဝန်းအနီး၌ ယခင်စိုက်ထူထားခဲ့သည့် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်မှာ ပျက်စီးနေပါသောကြောင့် (၉-၁-၂၀၁၉) ရက်နေ့တွင် အသစ်လဲလှယ်စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jan2019
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် ရေးမြို့နယ်၊ ကုလားကုတ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကျေးရွာရှိ လေဘေးသင့် ပြည်သူများကို တွေ့ဆုံအားပေး၍ ပြန်လည်ထူထောင်ရေး ထောက်ပံ့ကူညီ စီစဉ်ဆောင်ရွက်
ရေး၊ ဇန်နဝါရီ ၉ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်တို့သည် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး ၊လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရေးမြို့နယ်၊ ကုလားကုတ်ကျေးရွာ အုပ်စုအောက်ဆိပ် ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများကို ဆပ်ကပ် လှူဒါန်းပြီး လေဘေးသင့်ပြည်သူများထံသို့ သွားရောက်တွေ့ဆုံအားပေးခြင်းနှင့် လိုအပ်သော ထောက်ပံ့ပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။ ဒုတိယဝန်ကြီးနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့အဖွဲ့သည် ရေးမြို့နယ်၊ … Read more
-
သဘာဝဘေးလျော့ပေါ့ရေး လူငယ်ဆင့်ပွားသင့်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ (၉-၁-၂၀၁၉) ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပေါ့ရေး လူငယ်ဆင့်ပွားသင့်တန်း ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ၊ သင်တန်းသား/သူ (၃၅) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ် ဆိုင်ရာဝေါဟာရများနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း ဟောပြောပို့ချခြင်း၊ တီရှပ်၊ မိုးကာ၊ ဦးထုပ်၊ ဓာတ်မီးစသည့် သင်တန်းသုံးပစ္စည်းများဖြည့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၉-၁-၂၀၁၉) ရက်နေ့မှ … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ဘိုကလေး မြို့နယ်၊ ဂရမ်းကျေးရွာအုပ်စု၊ ဂရမ်းကျေးရွာ၊ ဦးတင်ထွေးနေအိမ်၌ ဆိုလာမှ Inverter သို့အားသွင်းထားရာမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ အဆိုပါဖြစ်ပွားခဲ့သော မီးဘေးကြောင့် (ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း) နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးဘေးသင့်ခဲရာ ဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် … Read more
-
မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာ ပြောင်းလဲစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဦးမြို့၊ အ.ထ.က(၁)ကျောင်းရှေ့၌ ယခင်က မီးဘေး အသိပညာပေးပိုစတာဆိုင်းဘုတ်စိုက်ထူထားရာမှ (၈-၁-၂၀၁၉) ရက်နေ့၊ နေ့လယ် (၃း၀၀) နာရီအချိန်တွင် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးပိုစတာဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူပြီး ဖြစ်ပါကြောင်း သတင်း ရရှိပါသည်။ Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar_str #sgg_jan2019
-
မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာ ပြောင်းလဲစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကောလင်းမြို့၊ ရွှေမင်းဝံလမ်းဘေး၊ ကမ္ဘောဇဘဏ်လမ်း တောင်ဘက်၊ ဈေးအနီး၌ ယခင်က မီးဘေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူထားရာမှ (၈-၁-၂၀၁၉) ရက်နေ့၊ နေ့လယ် (၃း၀၀) နာရီအချိန်တွင် မုန်တိုင်းဘေးအသိပညာပေးဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar_str #sgg_jan2019
-
မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာ ပြောင်းလဲစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ မြို့မဈေး၊ အ.ထ.က(၁)လမ်းထောင့်၌ ယခင်က မီးဘေးအသိပညာပေးပိုစတာဆိုင်းဘုတ်စိုက်ထူထားရာမှ (၈-၁-၂၀၁၉) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူပြီးဖြစ်ပါကြောင်း သတင်း ရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_str #sgg_jan2019
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လူကုန်ကူးမှုဆိုင်ရာ ၂၀၁၈ခုနှစ်အစီရင်ခံစာပါ အကြံပြု တိုက်တွန်းချက်(၁၀)ချက်အပေါ် ညှိနှိုင်းအစည်းအဝေး တက်ရောက်
ဇန်နဝါရီ ၇၊ နေပြည်တော် အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူကုန်ကူးမှုဆိုင်ရာ ၂၀၁၈ ခုနှစ်အစီရင်ခံစာပါ အကြံပြု တိုက်တွန်းချက်(၁၀)ချက်အပေါ်ညှိနှိုင်းအစည်းအဝေးကိုယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက် ရေးလုပ်ငန်းများကို ကြိုးပမ်းအားထုတ်ဆောင်ရွက်နေပါကြောင်း၊ အမေရိကန်နိုင်ငံ၏ အစီရင်ခံစာပါ အကြံပြုတိုက်တွန်းချက်အရ Tier အဆင့်သတ်မှတ်ချက် အမျိုးမျိုးဖြင့် မြန်မာနိုင်ငံသည် ရပ်တည်ခဲ့ပါကြောင်း၊ အမေရိကန်နိုင်ငံသည်၎င်းတို့၏ ၂၀၀၀ပြည့်နှစ် လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေ (Trafficking Victims Protection … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာရှိ မီးဘေးသင့် ပြည်သူများကို တွေ့ဆုံအားပေး၍ ပြန်လည်ထူထောင်ရေး ထောက်ပံ့ကူညီ စီစဉ်ဆောင်ရွက်
ဖျာပုံ၊ ဇန်နဝါရီ ၆ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာရှိ မီးဘေးသင့်ပြည်သူများထံသို့ သွားရောက်တွေ့ဆုံအားပေးခြင်းနှင့် လိုအပ်သောထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် ဇန်နဝါရီလ၊ ၃ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် နေအိမ်(၁၇၈)လုံး ပျက်စီးဆုံးရှုံးခဲ့သည့် အခြေအနေများကို သွားရောက်ကြည့်ရှု့ခဲ့ပြီး မီးဘေးသင့်ပြည်သူများနှင့်တွေ့ဆုံအားပေးစကားပြောကြားရာတွင် မီးလောင်ကျွမ်းမှုကြောင့် ပြည်သူများ၏ နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရပြီး ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေခဲ့သည့်အတွက် စိတ်မကောင်းဖြစ်ရပါကြောင်း၊ ပြည်သူ့အစိုးရအနေဖြင့် သဘာဝဘေးဒဏ်ခံစားရပါက အလျင်အမြန်တုံ့ပြန်ခြင်းနှင့် ထိရောက်သော … Read more
-
ကြိုတင်သတိပေးစနစ်ဆိုင်ရာနည်းပြသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲ မှု သင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ ဟင်္သာတမြို့၌ (၇-၁-၂၀၁၉) ရက်နေ့၊ (၀၈း၃၀) နာရီအချိန်တွင် ကြိုတင်သတိပေးစနစ်ဆိုင်ရာနည်းပြသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးက အမှာစကားပြောကြားခဲ့ပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သူ (၉၀) ဦး၊ စုစုပေါင်း (၁၁၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း (ဟင်္သာတ) #otr #ayy_jan2019
