လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ မြို့မဈေး၊ အ.ထ.က(၁)လမ်းထောင့်၌ ယခင်က မီးဘေးအသိပညာပေးပိုစတာဆိုင်းဘုတ်စိုက်ထူထားရာမှ (၈-၁-၂၀၁၉) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူပြီးဖြစ်ပါကြောင်း သတင်း ရရှိပါသည်။
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar_str
#sgg_jan2019