Author Archives: Department of Disaster Management

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၂၃-၁-၂၀၁၉) ရက်နေ့ (၀၉:ဝ၀) နာရီမှ (၁၁:၃၀) နာရီအထိ ကျိုင်းတုံမြို့၊ ကတ်ဖကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်း (ကတ်ဖ) ကျောင်းတွင် ကျောင်းသူ/ကျောင်းသား (၂၅၀) ဦးတို့အား လည်းကောင်း (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီထိ ကျိုင်းတုံမြို့ ကတ်ထိုက်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းသူ/ ကျောင်းသား (၁၅၀) ဦးတို့အား ဦးစီးဋ္ဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၊ ဘသာဝဘေးအန္တရာယ် ဆောင်ရန်/ ရှောင်ရန်များကို ဟောပြောပို့ချခဲ့ပြီး ဗီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့်ပတ်သတ်၍ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၃-၁-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် လူဦးရေ (၁၂၀)ဦး ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်များဝေငှခဲ့၍ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ မီးဘေးဗီနိုင်းပိုစတာအားပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_jan2019

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  (၂၂-၁-၂၀၁၉)ရက်နေ့ (၁၈း၃၀)နာရီအချိန်တွင် ဘောလခဲမြို့နယ်၊ ရှမ်းပိုင်းရပ်ကွက်ရှိ ရပ်ရွာပြည်သူ(၉၅)ဦးအား သဘာဝဘေးအသိညာပေးဟောပြောပေးခဲ့ပြီး တက်ရောက် သူများအား လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kyh-jan2019

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၂-၁-၂၀၁၉) ရက်နေ့(၀၉း၀၀)နာရီတွင် မိုင်းခတ်မြို့၊ အခြေခံပညာအထက်တန်း(မိုင်းခတ်)ကျောင်း၌ ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးတို့အား လည်းကောင်း၊ (၁၃း၀၀)နာရီတွင် မိုင်းခတ်မြို့၊ မိုင်းဟန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ(၈၀)ဦးတို့အား ဦးစီးဋ္ဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၊ ဘသာဝဘေးအန္တရာယ် ဆောင်ရန်/ရှောင်ရန်များကို ဟောပြောပို့ချခဲ့ပြီး ဗီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့်ပတ်သတ်၍ လက်တွေ့သရုပ်ပြ ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn-jan2019  

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်၌ (၂၀-၁-၂၀၁၉)ရက်နေ့တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၂)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး(၃၃၆၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀)ကျပ်နှင့် ဒဏ်ရာရ လူနာအတွက်ထောက်ပံငွေ(၅၀၀၀၀) ကျပ်အား(၂၂-၁-၂၀၁၉)ရက်နေ့(၁၅:၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha-fir #kcn-jan2019

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊ ငရန့်ချောင်းကျေးရွာအုပ်စု၊ ပေါက်တောပြင်ကျေးရွာ ရပ်ကွက်(၃)၌ (၁၇-၁-၂၀၁၉)ရက်နေ့တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ်(၄)လုံး လူမနေအိမ်(၃)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စုမှ လူဦရေ(၁၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ လူနေအိမ်(၁)လုံးလျှင် (၁၀၀၀၀၀/-)ကျပ်ဖြင့် အိမ်(၄)လုံးအတွက်(၄၀၀၀၀၀/-)ကျပ်နှင့်လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၅၂၀၀/-)ကျပ် စုစုပေါင်း(၄၂၅၂၀၀/-)ကျပ်အား (၂၂-၁-၂၀၁၉)ရက်နေတွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha-fir #rke-jan2019

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၂-၁-၁၉) ရက်နေ့(၁၄း၀၀)နာရီတွင် မိုင်းဆက်မြို့ အထကကျောင်း၌ ကျောင်းသား/ကျောင်းသူ (၁၅၀)ဦးတို့အား ငလျင်ဘေးအပါအဝင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn-jan2019

  • သဘာဝဘေးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၂-၁-၁၉)ရက်နေ့(၁၀း၀၀)နာရီတွင် ကော့ကရိတ်မြို့နယ် အထက(၁)ကျောင်း၌ ဆရာ/မများနှင့် ကျောင်းသား/သူ(၁၀၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ဗီနိုင်းပိုစတာပေးအပ်ခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn-jan2019  

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၁၉)ရက်နေ့ (၁ရး၃၀)ချိန်၌ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ၊ ကော့ထော်ပိုင်းတွင် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စာ၊ Family kit (၂)ထုပ်၊ ရေပုံး(၄)ပုံးနှင့် အိမ်ဆောက်ပစ္စည်းတန်းဖိုးငွေ စုစုပေါင်း(၃၀၀၀၀၀/-)ကျပါနှင့် လူဦးရေစုစုပေါင်း(၃)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇)ရက်စာ (၆၃၀၀/-)ကျပ် စုစုပေါင်း (၃၀၆၃၀၀/-)ကျပ်တို့အား (၂၁-၁-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha-fir #mon-jan2019

  • လေဘေးကြောင့် အမိုးလန်ပျက်စီး ဘုန်းကြီးကျောင်းအတွက် အလူဇင့်သွပ်များထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကုလားကုတ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကျေးရွာ၌ (၈-၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီး ဘုန်းကြီးကျောင်း (၂) ကျောင်းနှင့် ဓမ္မာရုံတို့ အတွက် (၇) ပေ အလူဇင့်သွပ် (၅၀၀) ချပ်အား (၁၇-၁-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ခရီးစဉ်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #mon_jan2019 Source:         မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)  

Sign Up

Upcoming Events