Author Archives: Department of Disaster Management

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ရုံးမှတာဝန်ရှိသူများသည် သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာ၊ ဂျိုးဖြူကုန်းပိုင်းတွင် (၂၈-၁-၂၀၁၉) ရက်နေ့၌  ဆေးလိပ် သောက်ရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့၍  မီးလောင်မှုကြောင့် သေဆုံးခဲ့သူ တစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-) ကျပ်အား (၂၉-၁-၂၀၁၉) ရက်နေ့တွင် ကျန်ရစ်သူမိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #mon_jan2019

  • ကျောက်တောင်ပြိုကျမှုထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးမှတာဝန်ရှိသူများသည် (၂၈-၁-၂၀၁၉)ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ တောင်ညိုကျေးရွာအနီး လမ်းခင်းကျောက်ထုတ်လုပ်သည့် ကျောက်တောင်ပြိုကျမှုကြောင့် ဒဏ်ရာရသူ(၁)ဦး အတွက် ထောက်ပံ့ငွေ(၅၀,၀၀၀/-)နှင့် သေဆုံးသူ(၃)ဦးအတွက် ထောက်ပံ့ငွေ(၉၀၀,၀၀၀/-)အား (၂၉-၁-၂၀၁၉)ရက်နေ့ သွားရောက်ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_lsd #sgg_jan2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၁၈)ရက်နေ့(၁၄းဝဝ)နာရီအချိန်၌ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများနှင့် ပြည်သူလူထု (၁၅၀)ဦးတို့အား  သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_jan2019

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၁၉) ရက်နေ့တွင် ဘိုက‌လေးမြို့ (၇) ရပ်ကွက် (၁၁) လမ်း၌ မီး‌လောင်မှုဖြစ်ပွားခဲ့ခြင်း ကြောင့် အိမ်‌‌ခြေ/အိမ်‌‌ထောင်စု (၃) စုမှ လူဦး‌ရေ (၁၅) ဦး မီး‌ဘေးသင့်ခဲ့၍ အိမ်‌‌ဆောက်ပစ္စည်းဖိုး‌ငွေ (၆၀၀၀၀၀)  ကျပ်၊ ဆန်ရိက္ခာဖိုး‌ငွေ (၃၁၅၀၀) ကျပ်တို့ကို (၂၈-၁-၂၀၁၉) ရက်‌‌နေ့တွင် ဘိုက‌လေးမြို့နယ် အ‌ထွေ‌ထွေအုပ်ချုပ်‌‌ရေးဦးစီးဌာနအစည်းအ‌ဝေးခန်းမတွင် မီး‌ဘေး သင့်ပြည်သူများလက်ဝယ်သို့ သွား‌ရောက်‌‌ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၁၉)ရက်နေ့၌ ချောင်းဆုံမြို့နယ်၊ နတ်မှော်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူလူထု(၅၀)ဦးဖြင့်လည်းကောင်း၊ (၁၃း၀၀)နာရီအချိန်တွင် ချောင်းဆုံမြို့နယ်၊ ဘိုးနတ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူလူထု(၅၀)ဦးတို့ကို သဘာဝဘေး အသိပညာများဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jan2019

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှတာဝန်ရှိသူများသည် တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ငုတ်ကျေးရွာအုပ်စု၊ တောင်ပို့လှကျေးရွာ တွင် (၂၇-၁-၂၀၁၉) ရက်နေ့ (၅:၀၀) အချိန်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၁) အိမ်၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၃) ဦး မီးဘေးသင့်ခဲ့ပြီး လူ (၁) ဦး သေဆုံးခဲ့ရာ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ … Read more

  • စက်တပ်‌‌ရေယာဉ်လွှဲပြောင်‌း‌ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈.၁.၂၀၁၉)ရက်နေ့တွင် ဖျာပုံမြို့‌ရွှေရတုခန်‌းမ၌ဖျာပုံခရိုင်သဘာဝ‌ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့သို့ ဌာနပိုင်စက်တပ်‌‌ရေယာဉ်(၂)စီးအားလွှဲ‌ပြောင်‌း‌ပေးအပ်ပွဲအခမ်‌းအနားကိုကျင်‌းပပြုလုပ်ခဲ့ရာ ခရိုင်အဆင်‌့/မြို့နယ်အဆင်‌့သဘာဝ‌ဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများတက်‌‌ရောက်ခဲ့ပြီး စက်တပ်‌‌ရေယာဉ်(၂)စီးအား  ဒေးဒရဲမြို့နယ်နှင်ဖျာပုံမြို့နယ်သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာစီမံန်‌့ခွဲမှုအဖွဲ့သို့ ထပ်ဆင်‌့လွှဲ‌ပြောင်‌းခဲ့ပြီးမြို့နယ်များ အတွင်‌းသဘာဝအန္တရာယ်များ‌ပေါ်‌ပေါက်ပါကအ‌ရေး‌ပေါ်သုံးစွဲနိုင်ရန်နှင်‌့‌ပြည်သူများအတွက် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်‌းရပ်များ‌ဆောင်ရွက်နိုင်ရန် ဦးစီးဌာနမှလှူဒါန်‌းခဲ့ခြင်‌းဖြစ်‌ကြောင်းသိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #ayy_jan2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး၊ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် (၂၇.၁.၂၀၁၉) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ ဆင်မကျေးရွာအုပ်စု၊ ဆင်မကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူထု (၁၂၀)ဦးတို့အား လက်ကမ်းစာစောင်များ၊ ဗွီနိုင်းပိုစတာများ  ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ayy_jan2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၁၉)ရက်နေ့၊ (၀၉း၃၀)နာရီမှ(၁၁း၀၀)နာရီ အချိန်ထိ ဇေယျာသီရိမြို့နယ် ၊ပြည်စံအောင်ရပ်ကွက်တွင် ရပ်ကွက်သူ/ရပ်ကွက်သား (၇၀)ဦးတို့အား သဘာဝဘေး အသိ ပညာများဟောပြောဆောင်ရွက်ခဲ့ပြီး ရပ်ကွက်အတွက်ဗီနိုင်းပိုစတာနှင့် ဟောပြောပွဲတက်ရောက်သူများအား လက်ကမ်းစာစောင်နှင့်မုန့်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npe_jan2019

  • သဘာဝဘေးလျော့ပေါ့ရေးလူငယ်ဆင့်ပွားသင့်တန်းဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၈-၁-၂၀၁၉) ရက်နေ့တွင် ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ဖွင့်လှစ်သည့် သဘာဝဘေး လျော့ပေါ့ရေး လူငယ်ဆင့်ပွားသင့်တန်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာဝေါဟာရများ၊ သဘာဝဘေး အန္တရာယ်များအကြောင်း ဟောပြောပို့ချခဲ့ပြီး သင်တန်းသား/သင်တန်းသူများအား တီရှပ်၊မိုးကာ၊ဦးထုပ်၊ ဓာတ်မီးစသည့် သင်တန်းသုံးပစ္စည်းများကိုဝေငှခဲ့ပြီး သင့်တန်းဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများတက်ရောက်ခဲ့ပြီး  အဆိုပါသင်တန်းသို့ သင်တန်းသား/သင်တန်းသူ(၃၀)ဦးဖြစ် သင်တန်းကာလမှာ (၂၈-၁-၂၀၁၉)ရက်နေ့မှ (၃၀-၁-၂၀၁၉)ရက်နေ့ထိ (၃)ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source:စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး #ar #sgg_jan2019

Sign Up

Upcoming Events