Author Archives: Department of Disaster Management
-
ရခိုင်ပြည်နယ်အတွင်းလတ်တလောဖြစ်ပွားလျက်သောတိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူမျာအားဆက်လက်ထောက်ပံ့ပေးအပ်
ဖေဖော်ဝါရီ၁၁၊ စစ်တွေ ရခိုင်ပြည်နယ်အတွင်းလတ်တလောဖြစ်ပွားလျက်ရှိသောတိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ၏လိုအပ်ချက်များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကယနေ့နံနက်ပိုင်းတွင် စတုတ္တအကြိမ် ထပ်မံထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ချောင်းတူကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာပင်မဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသောတိုက်ပွဲရှောင်အိမ်ထောင်စု(၆၈)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး၊ကျားလုံချည်(၆၈)ထည် ၊မလုံချည်(၆၈)ထည်၊ တီရှပ်(၁၃၆)ထည်၊ စောင်(၁၃၆)ထည်၊ ဖျာ(၆၈)ခု ၊လူဦးရေ(၂၃၉)ဦးအတွက် ဆန်ရိက္ခာ(၁)လစာ (၂၁၅၁၀၀၀ိ/-)၊စုစုပေါင်းထောက်ပံငွေတန်ဖိုး (၃,၃၈၃,၈၄၀ိ/-)အားလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးဌာန၊ ရခိုင်ပြည်နယ်ဦးမှူးရုံးမှ ပြည်နယ်ဦစီးမှူးဦးစီးဆောင်၍ စတုတ္တအကြိမ် ထပ်မံသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ရခိုင်ပြည်နယ်အတွင်းလတ်တလောဖြစ်ပွားလျက်ရှိသောတိုက်ပွားများကြောင့် တိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသားများနှင့်ဒေသခံပြည်သူများအတွက် နိုင်ငံတော်အစိုးရကကူညီထောက်ပံ့မှုများပေးအပ်လျက်ရှိရာ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ၊ တတိယပတ်မှစတင်၍ (၂)ပတ်စာဆန်ရိက္ခာဘိုးငွေများကိုပထမအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ပြီး၂၀၁၉ ခုနှစ်၊ … Read more
-
ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီမှူးရုံးမှတာဝန်ရှိသူများသည် (၉-၂-၂၀၁၉)ရက်နေ့ ကျောက်မဲမြို့နယ်၊ ပန်လော့ကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာနှင့် နမ့်ပျဉ်ကျေးရွာတို့မှရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများသည် ကျောက်မဲမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အောင်ဆုပန်ဘုန်းကြီးကျောင်းနှင့် အမှတ်(၇)ရပ်ကွက်ရှိ ဓမ္မမေဒနီရွှေကျင်ဘုန်းတော်ကြီးကျောင်းသို့ ယာယီပြောင်းရွေ့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်အိမ်ထောင်စု(၁၉၈)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးနှင့် လူဦးရေ (၆၁၆)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁,၂၉၃,၆၀၀)ကျပ်အား (၁၀-၂-၂၀၁၉)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မိ/ မြို့ဖများနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာ၊ ပင်မဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၆၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး၊ (၁၉၃,၈၀၀/-) ကျပ်တန်ဖိုးရှိသော ကျားလုံချည် (၆၈) ထည်၊ (၁၄၉,၆၀၀/-) ကျပ်တန်ဖိုးရှိသော မလုံချည် (၆၈) ထည်၊ (၁၈၉,၀၄၀/-) ကျပ်တန်ဖိုးရှိသော တီရှပ် (၁၃၆) ထည်၊ (၃၆၀,၄၀၀/-) ကျပ်တန်ဖိုးရှိသော စောင် (၁၃၆) ထည်၊ (၃၄၀,၀၀၀/-) ကျပ်တန်ဖိုးရှိသော … Read more
-
ပလက်ဝမြို့နယ်ဦးစီးမှူးရုံး ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်၊ ပလက်ဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန၊ ကီမိုခန်းမ၌ (၁၁-၂-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် ပလက်ဝမြို့နယ်ဦးစီးမှူးရုံးဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စုစုပေါင်းလူဦးရေ (၂၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #otr #chn_feb2019
-
ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု စီမံချက်ပြင်ဆင်ရေးဆွဲရန်ကိစ္စနှင့်စပ် လျဉ်း၍ အလုပ်အမှု ဆောင်အစည်း အဝေးကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ADB တို့ပူးပေါင်း၍ ပုသိမ်မြို့၊ စွမ်းဟိုတယ်၌ (၁၁-၂-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု စီမံချက်ပြင်ဆင်ရေးဆွဲရန်ကိစ္စနှင့်စပ်လျဉ်း၍ ပထမအကြိမ်အလုပ်အမှုဆောင်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ စုစုပေါင်းလူဦးရေ (၃၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_feb2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားလျက်သော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်နေရသော ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူမျာအား တတိယအကြိမ် ထောက်ပံ့မှုပေးအပ်
ဖေဖော်ဝါရီ ၁၀၊ အမ်း ရခိုင်ပြည်နယ် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းက ော်မတီဥက္ကဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သည် ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားလျက်သော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်နေရသော ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများအတွက် တတိယအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားလျက်ရှိသော တိုက်ပွားများကြောင့် ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ ခေတ္တတိမ်းရှောင်နေရခြင်းများ ဖြစ်ပွားလျက်ရှိရာ ထိုတိုက်ပွဲရှောင်များအတွက် နိုင်ငံတော် အစိုးရက ကူညီထောက်ပံ့မှုများပေးအပ်လျက်ရှိပါသည်။ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ၊ တတိယပတ်မှစတင်၍ (၂)ပတ်စာ ဆန်ရိက္ခာဘိုးငွေများကို ပထမအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ၊ (၁၁)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် … Read more
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် နွေရာသီသောက်သုံးရေရှားပါးမှုများကြုံတွေ့နေရသည့် မော်လမြိုင်မြို့၊ လှိုင်နယ်မြေ၊ အုတ်ဖိုလမ်းနေ ပြည်သူများအတွက် အဝီစိတွင်း (၁) တွင်း၊ ရေစုပ်စက်နှင့် အုတ်ရေကန် (၁) လုံး ဆောင်ရွက်ရန် ထောက်ပံ့ငွေ (၂,၁၆၀,၀၀၀ိ/-) ကျပ်နှင့် မော်လမြိုင်မြို့နယ် ကော့စိန်ကျေးရွာ၊ ရွာဟောင်းလမ်း နေ ပြည်သူများအတွက် လက်တူးရေတွင်း (၁) တွင်း တူးဖော်ရန် ထောက်ပံ့ငွေ (၁,၅၅၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း(၃,၇၁၀,၀၀၀ိ/-) ကျပ်တိတိအား (၉-၂ -၂၀၁၉) … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် (၉-၂-၂၀၁၉) ရက်နေ့ တွင် ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပင်းတယမြို့နယ်၊ ထွယ်သန်း ကျေးရွာအုပ်စု၊ ပြင်သာဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပို့ချခဲ့ရာ တက်ရောက်လူဦးရေ (၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_feb2019
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကျောက်ဖြူ၊ ရမ်းဗြဲနှင့် မအီမြို့များ အတွင်းရှိ မိခင်များ၊ ကလေးများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့မှုများပေးအပ်
ဖေဖော်ဝါရီ ၉၊ မအီ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ရမ်းဗြဲနှင့် မအီမြို့များ အတွင်းရှိ မိခင်များ၊ ကလေးများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့မှု ပေးအပ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဝန်ကြီးဌာန တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ရောက်ရှိကြရာ ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် တာဝန်ရှိသူများက အဆိုပါလေဆိပ်၌ ကြိုဆိုခဲ့ကြပါသည်။ ထို့နောက် ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမ၌ကျင်းပသော စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့်မိခင်ဝိုင်းများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်၌ (၈-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် တစိတ်တပိုင်းပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁) ဦးလျှင် (၂,၁၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်း ( ၁၀,၅၀၀/-) ကျပ်နှင့် ပလတ်စတစ်ပုံးအပါ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး … Read more
