Author Archives: Department of Disaster Management

  • မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

    မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရီဟိုတယ်၌ကျင်းပခဲ့ရာ မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းပြည်က အားထားရမည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးပါကြောင်း၊ စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲဆောင်ရွက် လျက်ရှိကြောင်း၊ လူတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းဖြင့်ဆောင်ရွက်ရပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်း များကို … Read more

  • အသက်ကယ်အကီၤျများ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၂-၂၀၁၉) ရက်နေ့တွင် မုံရွာမြို့နယ်၊ ဂျိုးစုကျေးရွာမှ ဇီးဖြူကုန်းကျေးရွာ အ.လ.က(ခွဲ)ကျောင်းသို ရေလမ်းခရီးဖြင့် သွားရောက်ပညာသင်ကြားနေရသည့် ကျောင်းသား/သူ (၅၀) ဦးအတွက် အသက်ကယ်အကီၤျ (၃၀) ထည်အား ဇီးဖြူကုန်းကျေးရွာ ကျောင်းအုပ် ဆရာကြီးထံသို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #sgg_feb2019 Source:         စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)  

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ကြီးအုပ်ကျေးရွာအုပ်စု၊ ဘန်စီကျေးရွာ၌ (၂၅-၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စုစာတို့အား (၂၈-၂-၂၀၁၉) ရက်နေ့တွင် မုံရွာမြို့နယ် … Read more

  • “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲကျင်းပမှုသတင်း

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မင်းရွာအုပ်စု၊ ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ (၂၇-၂-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk) ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဦးစီးဌာန၏ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းစဉ်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဘေးအန္တရာယ်များကိုထည့်သွင်းစဉ်း စားရန်လိုအပ်ကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါစကားဝိုင်းသို့ မင်းရွာကျေးရွာအုပ်စုအတွင်း ရှိ ကျေးရွာပြည်သူများနှင့် ကရင်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ စုစုပေါင်းလူဦးရေ (၁၀၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #krn_feb2019 Source:         ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဟားခါးမြို့နယ်၊ ဘွန်လုံကျေးရွာအုပ်စု၊ ဘွန်လုံကျေးရွာ၌ (၂၃-၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၇) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၂) မျိုး (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-) ကျပ်တို့အား (၂၈-၂-၂၀၁၉) ရက်နေ့တွင် ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဘေးသင့်ပြည်သူ များအတွက် ဘွန်လုံကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း … Read more

  • လေပြင်‌း‌ဘေးကာကွယ‌်‌ေ‌‌ရး‌ပြည်‌သူများသို့ပန်‌ကြားချက် လက်‌ကမ်‌းစာ‌စောင်‌များဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၂-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်‌အ‌ထွေ‌ထွေအုပ်‌ချုပ်‌‌ရေးဦးစီး ဌာန အစည်‌းအ‌ဝေးခန်‌းမ၌ ကျေးရွာပြည်‌သူများအား သဘာဝ‌ဘေးနှင့်စပ်လျဉ်း၍ အသိပညာပေးနိုင်ရန်ရည်ရွယ်၍ လေပြင်‌း‌ဘေးကာကွယ‌်‌ေ‌‌ရး‌ပြည်‌သူများသို့ပန်‌ကြားချက် လက်‌ကမ်‌းစာ‌စောင်‌များအား ရာအိမ်‌မှူးများအားလုံး အတွက် ဖျာပုံမြို့နယ်‌ရပ်ကွက်‌/‌ကျေးရွာအုပ်‌ချုပ်‌‌ရေးမှူးများထံသို့  လွှဲပြောင်းပေးအပ်ခဲ့ပါသည်။  ဆက်လက်၍  သဘာဝ‌ဘေး‌လျော့ပါး‌ရေး အသိပညာ‌ပေး‌ဟောပြောခြင်းအားဆောင်ရွက်ခဲ့ရာ ရပ်‌/‌ကျေးအုပ်‌ချုပ်‌‌ရေးမှူး (၇၅) ဦး တက်‌‌ရောက်‌ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #ayy_feb2019 Source:         ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)    

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၂/၂၀၁၉) မှသင်တန်းသား/သူများ၏ ဆောင်ရွက်နေမှုအခြေအနေသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် (၁၈-၂-၂၀၁၉) ရက်နေ့မှ (၁-၃-၂၀၁၉) ရက်နေ့အထိ တက်ရောက်လျက်ရှိသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၂/၂၀၁၉) မှသင်တန်းသား/သူများသည် နည်းပြများနှင့်အတူ (၂၇-၂-၂၀၁၉) ရက်နေ့တွင် အင်္ဂပူမြို့နယ်အတွင်းရှိ ကညင်ဆည်သို့ သွားရောက်လေ့လာခဲ့ပြီး ကညင်ဆည်အနီး ကျွဲဇင်းကျေးရွာအုပ်စု၊ ကျွဲဇင်း၊ ဉာဏ်တော၊ ကွင်းကောက်ဝ၊ အုံးခွံကျေးရွာများ၌ ကျေးရွာလူထုနှင့်တွေ့ဆုံ၍ သဘာဝဘေးလျော့ပါးရေး အသိပညာဖလှယ် ဆွေးနွေးခြင်း၊ ဟောပြောခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆုံးရှုံးနိုင်ခြေ စစ်တမ်းကောက်ယူခြင်း တို့ဆောင်ရွက်ခဲ့ကြပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များလည်း ဝေငှခဲ့ပါကြောင်း … Read more

  • တာမြှင့်ရွှေ့ပြောင်းနေအိမ်ရှိပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဇလွန်မြို့နယ်အတွင်းရှိ ကမ်းနားရပ်ကွက်၌ တာမြှင့်ခြင်းလုပ်ငန်း အားဆောင်ရွက်လျက်ရှိခြင်းကြောင့် (၂၅-၂-၂၀၁၉) ရက်နေ့တွင် အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုမှလူဦးရေ (၁၆) ဦးရွှေ့ပြောင်းခဲ့ရသည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၃,၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ ( ၃၃၃,၆၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စုစာ၊ care myanmar ပိုက်ဖျာ (၃)ချပ် … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ သင်္ဂနက်ကျေးရွာအုပ်စု၊ သင်္ဂနက်ကျေးရွာ၌ (၂၅-၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် နေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၃) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၄) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာ (၇) ရက်စာ (၂၂) ပြည်၊ (၆) ဗူးတို့အား (၂၇-၂-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more

  • အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၂-၂၀၁၉) ရက်နေ့၊ (၁၀:ဝဝ) နာရီအချိန်မှ (၁၂း၀၀) နာရီ အချိန်အထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကွန်ပျူတာတက္ကသိုလ်(ဘွဲ့နှင်းသဘင်ခန်းမ)၌ သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ပိုစတာများကပ်ခြင်းတို့အား ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၃၅၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_feb2019 Source:         သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)    

Sign Up

Upcoming Events