ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မင်းရွာအုပ်စု၊ ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ (၂၇-၂-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk) ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဦးစီးဌာန၏ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းစဉ်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဘေးအန္တရာယ်များကိုထည့်သွင်းစဉ်း စားရန်လိုအပ်ကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါစကားဝိုင်းသို့ မင်းရွာကျေးရွာအုပ်စုအတွင်း ရှိ ကျေးရွာပြည်သူများနှင့် ကရင်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ စုစုပေါင်းလူဦးရေ (၁၀၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#krn_feb2019
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)