Author Archives: Department of Disaster Management
-
မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း စီမံချက်ရေးဆွဲရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း (IOM)တို့ ပူးပေါင်း၍(၂၁-၃-၂၀၁၉) ရက်နေ့မှ (၂၂-၃-၂၀၁၉)ရက်နေ့အထိ ဟားခါးမြို့နယ်၊ စုပေါင်းရုံးခန်းမ၌ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်ရေးဆွဲရေးအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများနှင့် အမှုထမ်းများ၊ စုစုပေါင်းလူဦးရေ (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ #chn_mar2019 Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခနခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ (၁၇-၃-၂၀၁၉)ရက်နေ့ (၂၀:၀၀)နာရီ အချိန်တွင် မော်လိုက်မြို့နယ်၊ မိချောင်းတွင်းကျေးရွာအနီး YCDC ကျောက်မီးသွေးထုတ်လုပ်ရေးကုမ္ပဏီ လုပ်ငန်းခွင်တွင် သေဆုံးခဲ့သော ကလေးဝမြို့နယ်၊ မစိန်ကျေးရွာအုပ်စု၊ ရှဲဂန်ကျေးရွာရှိ ဦးကျော်ဦး (၃၀)နှစ် ဦးကျော်နိုင်(၃၃) တို့အတွက် (၂၂-၃-၂၀၁၉)နေ့တွင် မြိုနယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်း၌ ထောက်ပံ့ငွေ (၆၀၀,၀၀၀) ကျပ်အား သေဆုံးသူ(၂)ဦး၏ မိခင် ဒေါ်ရီထံ ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #sgg_mar2019 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၉) ရက်နေ့တွင် ဘားအံမြို့နယ်၊ အီဟယ်ကျေးရွာအုပ်စု၊ နော့်နော်ဝါးကျေးရွာတွင် မီးလောင်မှုဖြစ်ပွားရာ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း နေအိမ် (၁) လုံး၊ ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၁) စု၊ လူဦးရေ (၃) ဦး မီးဘေးသင့်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ Family Kit (၁) စုံ အိမ်ထောင်စု (၁) စုစာနှင့် ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာ … Read more
-
စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း ဖွင့်လှစ်ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဟိုပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင်(၂၁-၃-၂၀၁၉)ရက်နေ့ဖွင့်လှစ်သော စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွား သင်တန်းအားဖွင့်လှစ်ခဲ့ရာ အဆိုပါဖွင့်ပွဲသို့ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး UNHCRမှ Mr Cliffမှ သင်တန်းနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူး ဦးကျော်နိုင်ထွေးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို (၂၁-၃-၂၀၁၉)ရက်နေ့မှ (၂၃-၃-၂၀၁၉) ရက်နေ့ထိ (၃)ရက်ကြာ ဖွင့်လှစ်မှာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားတက်ရောက်သူအင်အား(၁၀၀)ဦးနှင့် သင်တန်းသူ/ သား(၃၀) တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။ #ar #kcn_mar2019 Source: … Read more
-
သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၁၉) ရက်နေ့ (၁၀:ဝဝ) နာရီ မှ(၁၁:၃၀) နာရီထိ မွန်ပြည်နယ် သထုံမြို့နယ်၊ ညောင်ချောင်းကျေးရွာ၊ဘုန်းကြီးကျောင်း (ဓမ္မာရုံ) တွင် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေး နွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာများပေးအပ်ခြင်းတို့အား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ လူထုအင်အား စုစုပေါင်း(၁၅၀) ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။ #ar #mon_mar2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေး ဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၁၉) ရက်နေ့တွင် သဘာဝဘေး အသိပညာပေး ဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို (၁၀:၃၀)နာရီမှ (၁၁:၃၀) နာရီအထိ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ မဟာမြိုင်မူလတန်းကျောင်းတွင် ပြည်သူလူထု (၁၅၀) ဦးခန့်ဖြင့် ပြုလုပ်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #mon_mar2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၁၉) ရက်နေ့ (၁၀းဝဝ) ချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇွဲကပင်ခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာရှိ အုပ်ချုပ်ရေးမှူးနှင့် စာရေးများ စုစုပေါင်း (၃၅၀) ဦးအား သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန် ရှောင်ရန်များ၊ အသိပညာ ပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_mar2019 Source – ကရင်ပြည်နယ်ဦးစီးမှူးရုံး
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်း(၁/၂၀၁၉)သင်တန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်း (၁/၂၀၁၉)သင်တန်းအား (၁၃-၃-၂၀၁၉)ရက်နေ့မှ(၁၅-၃-၂၀၁၉)ရက်နေ့ထိ မွန်ပြည်နယ်၊ သထုံမြို့၊ သုဝဏ္ဏအားကစား ခန်းမတွင် ပြုလုပ်ကျင်းပခဲ့ရာ သင်တန်းသား/သူ (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါ သည်။ #ar #mon_mar2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၁၈-၃-၂၀၁၉)ရက်နေ့တွင် ကျွန်းစုမြို့နယ် သဲဖြူကျွန်းကျေးရွာဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုပျက်အိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁)သိန်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်(၁) လုံးအတွက် ထောက်ပံ့ငွေ(၁)သိန်း၊ လူဦးရေ(၁၃)ဦးအတွက် ဆန်ဘိုး (၂၇,၃၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၂၇,၃၀၀) ကျပ် တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၃-၂၀၁၉)ရက်နေ့ (၁၁:၀၀) အချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ ကြောင်း သိရှိရပါသည်။ #ha_sgw #tny_mar2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၃-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) အတွက် ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)နှင့် လူဦးရေ (၆) ဦး အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂,၆၀၀/-) တို့အား (၂၀-၃-၂၀၁၉) ရက်နေ့တွင် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်း သိရှိရပါသည်။ #ha_fir #kyh_mar2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
