လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

22_Pic_03

(၁၈-၃-၂၀၁၉)ရက်နေ့တွင် ကျွန်းစုမြို့နယ် သဲဖြူကျွန်းကျေးရွာဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုပျက်အိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁)သိန်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်(၁) လုံးအတွက် ထောက်ပံ့ငွေ(၁)သိန်း၊ လူဦးရေ(၁၃)ဦးအတွက် ဆန်ဘိုး (၂၇,၃၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၂၇,၃၀၀) ကျပ် တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၃-၂၀၁၉)ရက်နေ့ (၁၁:၀၀) အချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ ကြောင်း သိရှိရပါသည်။

#ha_sgw

#tny_mar2019

Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events