လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဟိုပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင်(၂၁-၃-၂၀၁၉)ရက်နေ့ဖွင့်လှစ်သော စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွား သင်တန်းအားဖွင့်လှစ်ခဲ့ရာ အဆိုပါဖွင့်ပွဲသို့ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး UNHCRမှ Mr Cliffမှ သင်တန်းနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူး ဦးကျော်နိုင်ထွေးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို (၂၁-၃-၂၀၁၉)ရက်နေ့မှ (၂၃-၃-၂၀၁၉) ရက်နေ့ထိ (၃)ရက်ကြာ ဖွင့်လှစ်မှာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားတက်ရောက်သူအင်အား(၁၀၀)ဦးနှင့် သင်တန်းသူ/ သား(၃၀) တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။
#ar
#kcn_mar2019
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)