Author Archives: Department of Disaster Management

  • ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်တွင် ပြည်သူလူထုပါဝင်သော ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအား (၂၅-၃-၂၀၁၉) ရက်နေ့မှ (၂၆-၃-၂၀၁၉) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ရာ ယနေ့ (၂၅-၃-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်မှ (၁၂း၃၀) နာရီအချိန်ထိ ဇာတ်တိုက်လေ့ကျင့်ခန်း တွင်ပါဝင်မည့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ အဖွဲ့များမှ လိုအပ်သည်များ ဝိုင်းဝန်းအကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျင်းပပြုလုပ်မည့်မြေနေရာများအား ကွင်းဆင်းကြည့်ရှု ခဲ့ပါကြောင်းသိရှိရပါသည်။ … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၁၉) ရက်နေ့တွင် မကွေးမြို့နယ်၊ ငါးဆောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄၀,၀၀၀ိ/-)၊ ဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ဖိုးထောက်ပံ့ငွေ (၂၇,၃၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၉၇,၃၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၃) စုစာတို့အား (၂၅-၃-၂၀၁၉) … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၁၉) ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ် ၊ ယမ်းမိုင်အုပ်စု၊ ယမ်းမိုင်ရွာနှင့် နားခေါရွာ၌ ပြည်သူ (၈၀) ဦးအား သဘာဝဘေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈) မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_mar 2019 Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၁၉) ရက်နေ့တွင် ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာ၌ ပြည်သူ (၁၀၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များနှင့် အမွှေးဆပ်ပြာခဲများဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။ #ar #tny_mar 2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၁၉) ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ် ၊ ဟောင်ကန်အုပ်စု၊ နားယုန့်ရွာ၌ လူဦးရေ (၆၀) ဦးအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈) မျိုး ဆောင်ရန်ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။ #ar #shn_mar 2019 Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၁၉) ရက်နေ့တွင် ဟီးလောင်းကျေးရွာ၌ လူဦးရေ (၈၅) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #chn_mar 2019 Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အောင်သာယာကျေးရွာအုပ်စု၊ အောင်သာယာကျေးရွာတွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၈) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၁) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-)တို့အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #ayy_mar 2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေများ သွားရောက်လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဒိုးပရယ် ကျေးရွာသို့ ရေဂါလံ (၃၀၀၀) ဆန့်သော ရေသယ်ယာဉ် (၁) စီးဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ #kyh_mar 2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေး အကြိုညှိနှုင်းအစည်းအဝေးပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ကချင်စုကျေးရွာနှင့် ငါးတဲကျေးရွာအုပ်စု၊ သံတောင်ကျေးရွာတို့တွင် လေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် (၂၂-၃-၂၀၁၈) ရက်နေ့တွင် ကသာခရိုင်ဦးစီးမှူးရုံး၌ အကြိုညှိနှိုင်းအစည်းအဝေးအား လူမှုရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်ထွေအုပ်တို့ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ #ar #sgg_mar2019 Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၉) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာတောင်ပိုင်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားရာ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း၊ နေအိမ် (၂) လုံးနှင့် တစ်စိတ်တစ်ပိုင်းနေအိမ် (၁) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၃) စု၊ လူဦးရေ (၂၆) ဦး မီးဘေးသင့်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ Family Kit (၂) စုံ အိမ်ထောင်စု (၂) စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး၊ … Read more

Sign Up

Upcoming Events