ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

25 pic 01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်တွင် ပြည်သူလူထုပါဝင်သော ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအား (၂၅-၃-၂၀၁၉) ရက်နေ့မှ (၂၆-၃-၂၀၁၉) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ရာ ယနေ့ (၂၅-၃-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်မှ (၁၂း၃၀) နာရီအချိန်ထိ ဇာတ်တိုက်လေ့ကျင့်ခန်း တွင်ပါဝင်မည့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ အဖွဲ့များမှ လိုအပ်သည်များ ဝိုင်းဝန်းအကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျင်းပပြုလုပ်မည့်မြေနေရာများအား ကွင်းဆင်းကြည့်ရှု ခဲ့ပါကြောင်းသိရှိရပါသည်။ #ar #mon_mar 2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events