လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၉) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာတောင်ပိုင်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားရာ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း၊ နေအိမ် (၂) လုံးနှင့် တစ်စိတ်တစ်ပိုင်းနေအိမ် (၁) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၃) စု၊ လူဦးရေ (၂၆) ဦး မီးဘေးသင့်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ Family Kit (၂) စုံ အိမ်ထောင်စု (၂) စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး၊ အိမ်ထောင်စု (၁) စုစာ၊ လုံးဝပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀ိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၅၄,၆၀၀ိ/-)၊ ဒဏ်ရာရရှိသူ (၂) ဦးအတွက်ထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၆,၅၄,၆၀၀ိ/-) တို့အား (၂၂-၃-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရပါသည်။ #ha_fir #krn_mar2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)