Author Archives: Department of Disaster Management
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မသန်စွမ်းသူများအား ပံ့ပိုးကူညီခြင်းနှင့် ထောက်ပံ့ခြင်းများဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူတို့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်းဦးစီး ဌာနက ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးချုပ်ရုံးသို့ Wheel Chair (၅၀)စီး လှူဒါန်းသည့် အခမ်းအနားသို့တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုအတွက် အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Wheel Chair (၅၀)စီးကို ပေးအပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဗိုလ်ချုပ် ဝင်းလွင်က လက်ခံရယူပြီး လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြား ပါသည်။ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တည်ထောင် ကျေးရွာအုပ်စု၊ ကြံဖိုတဲစုကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးတွင် ပျက်စီးဆုံရှုံးခဲ့သည့် လူနေ အိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုစာအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀ိ/-) ကျပ်၊ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ (၂၁၀၀ိ/-) ကျပ်နှုန်း၊ (၇) ရက်စာ (၁၄၇၀၀ိ/-) ကျပ် စုစုပေါင်း (၄၁၄၇၀၀ိ/-) ကျပ်နှင့် အိမ်ထောင်စု (၁) စုလျှင် ကယ်ဆယ်ရေးပစ္စည်း … Read more
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း သောက်သုံးရေရှားပါးနေသည့် မုပွန်ရပ်ကွက်၊ (၄) လမ်းရှိ အိမ်ထောင်စုများအတွက် သောက်သုံးရေဂါလန် (၁၂၀၀) ကို (၂၆-၄-၂၀၁၉) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #mon_apr2019
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၉)ရက်နေ့က မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များ ကျရောက်နိုင်သဖြင့် မြန်အောင်မြို့နယ်၊ ဇလုပ်ကြီးအုပ်စု၊ သပြေကုန်းအုပ်စု၊ သဲဖြူအုပ်စုတို့ရှိ နေအိမ်များအနက်မှ (၁)အုပ်စုစီလျှင် အိမ်ခြေ (၃၀)လုံးစီကို ကျေးရွာအုပ်စု/ရပ်ကွက်ကော်မတီဝင်များ ရပ်မိရပ်ဖများ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအားပြုပြင်မွမ်းမံထားမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေး၍ ဆောင်ရွက်ဆဲနေအိမ်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၉)ရက်နေ့က မြန်အောင်မြို့နယ်အတွင်းရှိ သဲဖြူအုပ်စု၊ စခန်းကြီးကျေးရွာတွင် ဖြစ်ပွားသောမီးဘေးသင့်အိမ်ခြေ/အိမ်ထောင်စု (၂)စုမှ လူဦးရေ (၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၄၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၁၀,၅၀၀)၊ စုစုပေါင်းရန်ပုံငွေ ( ၄၁၀,၅၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၂) အိမ်ထောင်စာနှင့် care myanmar ပိုက်ဖျာ( ၂)ချပ် တို့ကိုကျေးရွာအုပ်စုမှ တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာနေရာသို့ သွားရောက်၍ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၉)ရက်နေ့ (၁၁၀၀)နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ တူးချောင်းကျောင်းစုကျေးရွာအုပ်စု၊ ဝဲဒေါင့်ကျေးရွာတွင် နေအိမ်မီးဖိုချောင်မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ ဓနိမိုး၊ ဓနိကာနေအိမ် (၇)လုံးနှင့် နှစ်ထပ်တိုက်အိမ်(၁)လုံး၊ စုစုပေါင်းနေအိမ်(၈)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၈)စုမှ လူဦးရေ (၄၃)ဦး မီးဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်အိမ်များအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၉၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာတန်ဖိုးငွေ (၉၀,၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၉၀,၃၀၀)ကျပ်တို့အား (၂၆-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၁/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ============================================ မုန်တိုင်းငယ်အခြေအနေ ================= (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက် များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာ ကာ မုန်တိုင်းငယ်(Depression)တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရင်ကို မာလီမြို့ (Trincomalee)၏ အရှေ့-အရှေ့တောင်ဘက် မိုင်(၆၂၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့တောင်ဘက် မိုင်(၈၄၀)ခန့်၊ မာချီလီပတ္တနမ် မြို့(Machilipatnam)၏ တောင်-အရှေ့တောင်ဘက် မိုင်(၈၂၀) … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ်၊ မရမ်းဝကျေးရွာအုပ်စု၊ မရမ်းဝကျေးရွာတွင် (၂၅-၄-၂၀၁၉) ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၁)လုံး မီးလောင် ပျက်စီး ခဲ့ရာ အိမ်ထောင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး ၊ ဆန်ဖိုးငွေလူဦးရေ (၂) ဦးအတွက် (၄၂၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀,၀၀၀)ကျပ်တို့ကို ဘေးဖြစ်ပွားခဲ့သည့်နေရာသို့ (၂၆-၄-၂၀၁၉) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #ayy_apr2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more
-
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၄-၂၀၁၉)ရက်နေ့က ညောင်တုန်းမြို့နယ်အတွင်းရှိ ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာအုပ်စု၊ ကုက္ကို၀ကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ခြေ/အိမ်ထောင်စု (၁)စုမှ လူဦးရေ (၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ(၁၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၆,၃၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၆,၃၀၀) ကို (၂၆-၄-၂၀၁၉)ရက်နေ့ နေ့လည် (၁၄၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးထောက်ပံ့မှုသတင်း
(၂၂-၄-၂၀၁၉) ရက်နေ့ ညနေပိုင်းအချိန်၌ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဖြစ်ပွားခဲ့သော လေဘေးကြောင် ရန်အောင်မြင်ကျေးရွာအုပ်စု၊ ကျွန်းတက်ပဲ့ကျေးရွာအုပ်စု၊ ကြာပင်ကျေးရွာအုပ်စုနှင့် ရွာမကျေးရွာအုပ်စု၊ ကျေးရွးအုပ်စု(၄)စုတို့မှ ကျေးရွာ(၉)ရွာအတွက် ပြိုလဲပျက်စီး/အမိုးလန်လူနေအိမ် စုစုပေါင်း(၂၅၇) လုံးတို့အား (၂၆-၄-၂၀၁၉) ရက်နေ့ (၁၀း၀၀)အချိန်တွင် ဒက္ခိဏသီရိမြို့နယ် အစည်း အဝေးခန်းမတွင် နေပြည်တော်ကောင်စီဥက္ကဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ နေပြည်တော်တိုင်း/ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တောင်တိုင်းဦးစီးမှူးနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ပြိုလဲပျက်စီး/အမိုးလန်လူနေအိမ် စုစုပေါင်း(၂၅၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၈၉၁၄၀၀၀ိ/-)၊ လူဦးရေ(၉၆၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ … Read more
