လေဘေးထောက်ပံ့မှုသတင်း

(၂၂-၄-၂၀၁၉) ရက်နေ့ ညနေပိုင်းအချိန်၌ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဖြစ်ပွားခဲ့သော လေဘေးကြောင် ရန်အောင်မြင်ကျေးရွာအုပ်စု၊ ကျွန်းတက်ပဲ့ကျေးရွာအုပ်စု၊ ကြာပင်ကျေးရွာအုပ်စုနှင့် ရွာမကျေးရွာအုပ်စု၊ ‌ကျေးရွးအုပ်စု(၄)စုတို့မှ ကျေးရွာ(၉)ရွာအတွက် ပြိုလဲပျက်စီး/အမိုးလန်လူနေအိမ် စုစုပေါင်း(၂၅၇) လုံးတို့အား (၂၆-၄-၂၀၁၉) ရက်နေ့ (၁၀း၀၀)အချိန်တွင် ဒက္ခိဏသီရိမြို့နယ် အစည်း အဝေးခန်းမတွင် နေပြည်တော်ကောင်စီဥက္ကဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ နေပြည်တော်တိုင်း/ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တောင်တိုင်းဦးစီးမှူးနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ပြိုလဲပျက်စီး/အမိုးလန်လူနေအိမ် စုစုပေါင်း(၂၅၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၈၉၁၄၀၀၀ိ/-)၊ လူဦးရေ(၉၆၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ‌ထောက်ပံ့ငွေ(၂၀၁၆၀၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ(၁၀၉၃၀၀၀၀ိ/-)နှင့် အိမ်ထောင်စု (၂၅၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw
#npw_apr2019Sourceး ပြည်ထောင်စုနယ်မြေ နေပြည်တောင်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events