Author Archives: Department of Disaster Management
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ဆီဆိုင်မြို့နယ်၊ ဖာလိုင် အရှေ့ကျေးရွာနှင့် လယ်တဖြီးကျေးရွာတို့ရှိ ကျေးရွာနေပြည်သူများအတွက် (၁) ရွာလျင် သောက်သုံးရေဂါလံ (၃၀၀၀) နှုန်းဖြင့် စုစုပေါင်း (၂) ရွာအတွက် သောက်သုံးရေဂါလံ (၆၀၀၀) ကို ကျေးရွာများအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_drg #shn_may2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၉)ရက်နေ့၌ ကျောက်တံခါးမြို့နယ်၊ အောင်မြင်မြို့၊ အောင်မြင်ကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သော လေဘေးမှ ထပ်တိုး ပြိုလဲနေအိမ်(၁၀)လုံး၊ အမိုးလန်နေအိမ် (၈၄)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၀၂၀,၀၀၀) ကျပ်၊ ပြိုလဲ အိမ်ထောင်စု (၁၀)စုရှိလူဦးရေ (၃၉)ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၈၁,၉၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄,၁၀၁,၉၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (ပလပ်စတစ်ပုံးအပါ) (၁၀) အိမ်ထောင်စာ တို့အား … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ခင်ဦးမြို့နယ်၊ ရှားလွင်ကျေးရွာအုပ်စု၊ ရှားလွင် ကျေးရွာရှိ လူနေအိမ် (၁) လုံးမှာ ပြိုကျပျက်စီးခဲ့သောကြောင့် ပြိုကျနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်အား ခင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၆-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_may2019 Source: … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် စစ်တွေမြို့၊ ဘောင်းဒွတ်သားစု ရပ်ကွက်၊ ဃောသိတာရုံကျောင်းတိုက်ရှိ ထပ်တိုးတိုက်ပွဲရှောင် အိမ်ထောင်စု (၂)စု၊ လူဦးရေ(၅)ဦး၊ စက်ရုံစုရပ်ကွက်၊ အာရက္ခဖောင်ဒေးရှင်းကျောင်းတိုက်ရှိ ထပ်တိုး တိုက်ပွဲရှောင်အိမ်ထောင်စု (၁)စု၊ လူဦးရေ(၂)ဦး၊ စုစုပေါင်း အိမ်ထောင်စု(၃)စုစာ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ လူဦးရေ(၇)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ (တန်ဖိုး-၆၃,၀၀၀) ကျပ်တို့အား (၁၆-၅-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သွားရောက်ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_may2019 … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူ များနှင့်အတူ (၁၆.၅.၂၀၁၉)ရက်နေ့ မွန်းလွဲ(၁၅:၀၀)နာရီတွင် ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ကပိုင်ကျေးရွာအုပ်စု၊ ရေကတော ကျေးရွာ၌(၁၅.၅.၂၀၁၉)ရက်နေ့၊ ညနေ (၁၈:၀၀)အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၁)လုံးတွင် အိမ်ထောင်စု (၁)စုမှ ကျား(၂)ဦး မ(၂)ဦး၊ စုစုပေါင်း(၄)ဦးအား ဆန်ရိက္ခာဖိုး (၇)ရက်စာ (၈၄၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး နှင့် အိမ်ဆောက်ပစ္စည်း ဖိုး(၅၀၀၀၀/-)အားလည်းကောင်း၊ အမိုးလန်ပျက်စီးဖြစ်ပွား … Read more
-
မုန်တိုင်းဘေးအသိပညာပေး ဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ (၁၆-၅-၂၀၁၉)ရက်နေ့တွင် ပြည်သူလူထုများ မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ သိရှိနိုင်ရန်အတွက် မုဒုံမြို့နယ်ကန်ကြီးဘုရားရှေ့တွင် မုန်တိုင်းဘေးအသိပညာပေး ဗီနိုင်းပိုစတာ မြေစိုက်ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သိရှိရပါသည်။ #mon_may2019 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၆-၅-၂၀၁၉) ရက်နေ့၊ မွန်းလွဲ (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ ပျဉ်းမနားမြို့နယ်၊ နတ်သရဲအုပ်စု၊ နတ်သရဲကျေးရွာ၌ ပြည်သူများသဘာဝဘေးအန္တရာယ် များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာ ဆောင်ရွက် နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၂၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး အဆိုပါတက်ရောက်လာသူများအား သဘာဝဘေးလက်ကမ်း စာစောင်များ၊ ဗွီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် ကျောက်ပန်းတောင်းမြို့နယ်၊ ကတော ကျေးရွာအုပ်စု၊ မကျီးရိုးကျေးရွာရှိ ဘေးသင့်အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၃)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးနှင့်အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀/-) ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျေးရွာ အုပ်ချုပ်ရေးမှူးလက်ဝယ်သို့ (၁၆-၅-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mdy_may2019 Source – … Read more
-
သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၉) ရက်နေ့၊ မွန်းတည့် (၁၂:၀၀) နာရီမှ မွန်းလွဲ (၂) နာရီအချိန်ထိ သံတွဲခရိုင်သံတွဲမြို့နယ် မြုံပြင် ကျေးရွာမူလတန်းကျောင်းတွင် ကျေးရွာသားသူ/သားများအား ရာသီဥတုပြောင်းလဲလာမှု၊ ငလျင်ဘေးအန္တရာယ်၊ ရေဘေးအန္တရာယ်၊ မိုးကြိုးဘေးအန္တရာယ်နှင့် သဘာဝဘေး အန္တရာယ်များမဖြစ်ပွားမီ ဖြစ်ပွားနေစဉ််နှင့် ဖြစ်ပွားပြီးအချိန်များတွင်် ဆောင်ရန်/ ရှောင်ရန် အချက်များအား ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ရာ ကျေးရွာသူ/သားများ (၆၉) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_may2019 Source: သံတွဲခရိုင်ဦးစီးမှူးရုံး … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ (အရှေ့ပိုင်း) ရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၁၀) လုံး၊ အိမ်ထောင်စု (၁၂၀) စု၊ လူဦးရေ (၅၈၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
