လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၉)ရက်နေ့၌ ကျောက်တံခါးမြို့နယ်၊ အောင်မြင်မြို့၊ အောင်မြင်ကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သော လေဘေးမှ ထပ်တိုး ပြိုလဲနေအိမ်(၁၀)လုံး၊ အမိုးလန်နေအိမ် (၈၄)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၀၂၀,၀၀၀) ကျပ်၊ ပြိုလဲ အိမ်ထောင်စု (၁၀)စုရှိလူဦးရေ (၃၉)ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၈၁,၉၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄,၁၀၁,၉၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (ပလပ်စတစ်ပုံးအပါ) (၁၀) အိမ်ထောင်စာ တို့အား (၁၅-၅-၂၀၁၉)ရက်နေ့ နေ့လည်(၀၂:၃၀)နာရီအချိန်တွင် အောင်မြင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးခန်းမ၌ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌ ဦးကြည်ဇင်နှင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)မှ တိုင်းဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အောင်မြင်မြို့အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အတူ ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)