သောက်သုံးရေဖြန့်ဝေမှုသတင်း

17 pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ဆီဆိုင်မြို့နယ်၊ ဖာလိုင် အရှေ့ကျေးရွာနှင့် လယ်တဖြီးကျေးရွာတို့ရှိ ကျေးရွာနေပြည်သူများအတွက် (၁) ရွာလျင် သောက်သုံးရေဂါလံ (၃၀၀၀) နှုန်းဖြင့် စုစုပေါင်း (၂) ရွာအတွက် သောက်သုံးရေဂါလံ (၆၀၀၀) ကို ကျေးရွာများအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_drg

#shn_may2019

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events