Author Archives: Department of Disaster Management
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံမှု သတင်း
ဇွန် ၁၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Mr. Saurabh Kumar အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြား နားလည်မှု စာချွန်လွှာရေးထိုးခဲ့ပြီးနောက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ(၅)သန်းနှုန်းဖြင့် ၅နှစ် တာကာလ အတွင်း အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ (၂၅)သန်းကူညီသွားမည့်အခြေအနေများ၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရွှေဇားကျေးရွာတွင် အိမ်အလုံးရေ … Read more
-
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှုအကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအစည်းအဝေးကျင်းပမှုသတင်း
ဇွန်လ ၁၁၊ နေပြည်တော် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှုအကောင် အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ (၂/၂၀၁၉) လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်အဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လုပ်ငန်းအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။ ဒုတိယဝန်ကြီးက နေရပ်စွန့်ခွာရသူများအား ပြန်လည်နေရာချထားရေး အကောင်အထည်ဖော်မည့် အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခြင်း၊ ဘဏ္ဍာငွေထောက်ပံ့ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များ ဖြစ်ကြသော IDPs မိသားစုများအား စားနပ်ရိက္ခာထောက်ပံ့ပေးခြင်း၊ နေအိမ်ဆောက်လုပ်ပေးခြင်း၊ မီးရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးမြေဖော်ထုတ်ပေးမှုနှင့် သီးနှံစိုက်ပျိုးစရိတ်ထုတ်ပေးခြင်း၊ ပညာရေးဖွံ့ဖြိုး … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြင်သစ်နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ရေးရာကောင်စီ၏ ဥရောပနှင့် နိုင်ငံတကာရေးရာ ဥက္ကဌနှင့် ပြင်သစ်နိုင်ငံလွှတ်တော် ကိုယ်စားလှယ်ဟောင်းအား လက်ခံတွေ့ဆုံ
ဇွန် ၁၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ပြင်သစ်နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့်ပတ်ဝန်းကျင်ရေးရာကောင်စီ၏ ဥရောပနှင့် နိုင်ငံတကာရေးရာဥက္ကဌနှင့် ပြင်သစ်နိုင်ငံစီးပွားရေးလွှတ်တော် ကိုယ်စားလှယ်ဟောင်း Mr. Jean-Marie Cambaceresဦးဆောင်သောအဖွဲ့က ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။ ပြင်သစ်နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့်ပတ်ဝန်းကျင်ရေးရာကောင်စီ၏ ဥရောပနှင့် နိုင်ငံတကာ ရေးရာဥက္ကဌနှင့် ပြင်သစ်နိုင်ငံလွှတ်တော် ကိုယ်စားလှယ်ဟောင်း Mr. Jean-Marie Cambaceresနှင့်တွေ့ဆုံရာတွင် ဝန်ကြီးဌာနမှ ပြည်သူများလူ့အခွင့်အရေး ပြည့်ဝစွာ ရရှိရေး အတွက် သက်ဆိုင်ရာ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၁၉) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် မကွေးမြို့၊ ပညာရေးကောလိပ်တွင် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ အင်အား (၇၂၀) ဦးခန့်အား သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအကြောင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများ ဟောပြောပို့ချခြင်းနှင့် သဘာဝဘေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_jun2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးပစ်မှုကြောင့် သေဆုံးပြည်သူ (၂) ဦးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာအုပ်စုနှင့် လဟာကြီးအုပ်စုရှိကျေးရွာနှစ်ရွာတွင် (၉ – ၆ – ၂၀၁၉) နေ့ လယ်ကွင်းထဲ၌ စပါးကျဲနေစဉ် လျှပ်တပြက်မိုးကြိုး ပစ်မှုကြောင့် သေဆုံးသွားခဲ့သော ပြည်သူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၆၀၀၀၀၀/-) ကျပ်အား (၁၁-၆-၂၀၁၉) ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ကျန်ရစ်သူမိသားစုများ လက်ဝယ်သို့အရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_jun2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၆-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှု အခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ဦးကျော်စိန်(တဲတိုက်) နှင့် ကြာကန် ကျေးရွာ(တောင်ပိုင်း) ရှိရွာနေ အိမ်ခြေ (၁၅၀) လုံး၊ အိမ်ထောင်စု (၁၅၇) စု၊ လူဦးရေ (၇၅၀) ဦးတို့အတွက်သောက်သုံးရေဂါလံ (၆၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_sgw #mgy_2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၁၉)ရက်နေ့၌ မင်းလှမြို့နယ်၊ ကြို့ကုန်း(၁)ကျေးရွာအုပ်စု၊အောက်ကိုင်းလေးကျေးရွာတွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့်နေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်ကို (၁၁-၆-၂၀၁၉)ရက်နေ့ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် မင်းလှမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူဘေးသင့်ပြည်သူ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha_sgw # bgo _jun2019
-
Cyclone Shelter တည်ဆောက်ပြီးစီးမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ညောင်ကျိုးကျေးရွာအုပ်စုတွင် တည်ဆောက်လျှက်ရှိသော Cyclone Shelter၏ ၇၅% တည်ဆောက်ပြီးစီးမှုအခြေအနေအား (၁၁-၆- ၂၀၁၉)ရက်နေ့တွင် တည်ဆောက်မှုကြီးကြပ်ရေးကော်မတီမှတာဝန်ရှိသူများနှင့် အတူကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။ ayy_jun2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၆-၂၀၁၉) ရက်နေ့ (၁၀:၀၀) မှ(၁၁:၀၀) ထိ ကျောက်ဖြူမြို့နယ်၊ သဲတန်းအုပ်စု၊ ကုန်ဘောင်ကျေးရွာ၌ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းတက်ရောက်သူဦးရေ (၅၀) ကျော်တက်ရောက်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲ တွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန် များပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များဝေငှပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #rke_jun2019 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေး ကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ (၁၁-၆-၂၀၁၉) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်မှ (၁၂:၃၀) နာရီအချိန်ထိ ကျွန်းတောကျေးရွာအုပ်စု၊ ပျဉ်းမစခန်းကျေးရွာ၊ ဘုရားလေးဓမ္မာရုံ၌ လူဦးရေ (၁၂၅) ဦးခန့်အား သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ပြီး လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ ရာ ပြည်သူလူထုများစိတ်ဝင်စားစွာတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #mon_jun2019-06-11 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
