ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှုအကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအစည်းအဝေးကျင်းပမှုသတင်း

 

ဇွန်လ ၁၁၊ နေပြည်တော်

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှုအကောင် အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ (၂/၂၀၁၉) လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်အဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လုပ်ငန်းအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

ဒုတိယဝန်ကြီးက နေရပ်စွန့်ခွာရသူများအား ပြန်လည်နေရာချထားရေး အကောင်အထည်ဖော်မည့် အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခြင်း၊ ဘဏ္ဍာငွေထောက်ပံ့ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များ ဖြစ်ကြသော IDPs မိသားစုများအား စားနပ်ရိက္ခာထောက်ပံ့ပေးခြင်း၊ နေအိမ်ဆောက်လုပ်ပေးခြင်း၊ မီးရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးမြေဖော်ထုတ်ပေးမှုနှင့် သီးနှံစိုက်ပျိုးစရိတ်ထုတ်ပေးခြင်း၊ ပညာရေးဖွံ့ဖြိုး တိုးတက်စေရေးဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်းနှင့် လူမှုရေး လုပ်ငန်းဆောင်ရွက်ပေးခြင်းတို့အတွက် ဘဏ္ဍာငွေရရှိရေးကိစ္စရပ်များနှင့် လုပ်ငန်းစီမံချက်အတွက် ဝိုင်းဝန်း အကြံပြုဆွေးနွေးကြရန်ပြောကြားခဲ့ပါသည်။

အစည်းအဝေးတက်ရောက်သူများက ကချင်ပြည်အစိုးရအဖွဲ့မှရေးသားပြုစုထားသည့် ကချင်ပြည်နယ် အတွင်းနေရပ်စွန့်ရသူများ (IDPs) အတွက် မူလနေရပ်သို့ ပြန်လည်နေရာချထားရေးလုပ်ငန်းစီမံချက်အပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။ ယခုလကုန်ပိုင်းတွင် ကချင်ပြည်နယ်တိုက်ပွဲရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) နှင့် ထပ်မံတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

h12

#npw_jun2019

Source: MSWRR

 

Sign Up

Upcoming Events