ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံမှု သတင်း

 

ဇွန် ၁၁၊  နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Mr. Saurabh Kumar အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြား နားလည်မှု စာချွန်လွှာရေးထိုးခဲ့ပြီးနောက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ(၅)သန်းနှုန်းဖြင့် ၅နှစ် တာကာလ အတွင်း အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ (၂၅)သန်းကူညီသွားမည့်အခြေအနေများ၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရွှေဇားကျေးရွာတွင် အိမ်အလုံးရေ (၁၄၈)လုံး၊ နံသာတောင်ကျေးရွာတွင် (၄၂)လုံး၊ ကြိမ်ချောင်း တောင်ကျေးရွာတွင် (၆၀)လုံး၊ စုစုပေါင်းအလုံးရေ(၂၅၀)လုံးအား တည်ဆောက်လျက်ရှိရာ မကြာမီပြီးစီးတော့မည်ဖြစ်သဖြင့် မြန်မာနိုင်ငံသို့လွှဲပြောင်းပေးအပ်နိုင်ရေးကိစ္စရပ်များ၊ အဆိုပါကျေးရွာများတွင် သောက်သုံးရေ၊ လျှပ်စစ်မီးစသောအခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အောက်တွင် မြန်မာနိုင်ငံဘက်မှ ကနဦးအဆိုပြုထားသော စီမံချက်(၂၂)ခုအား အတည်ပြုနိုင်ရေးအကောင် အထည်ဖေါ်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ဆက်လက်၍ မြန်မာနိုင်ငံရှိဒေသများတွင် ခြေတု၊ လက်တု လိုအပ်နေသူများအားပံ့ပိုးပေးနိုင်ရေးတွင် အိန္ဒိယနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

h11

#npw_jun2019

Source: MSWRR

Sign Up

Upcoming Events