Author Archives: Department of Disaster Management
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အမှတ်(၁၂)ရပ်ကွက်၊ အမှတ်(၆)နယ်မြေ၊ အုန်းခြံ၌ (၅-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ် (၃) လုံး ဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်နေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၂၉,၃၀၀/-) ကျပ်တို့ကို (၁၂-၇-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jul2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ အင်္ဂပူမြို့နယ်၊ နောက်မီးအုပ်စု၊ ကြို့ကုန်းရွာ၊ အိုးကွဲအုပ်စုပျိုးကုန်းရွာ၊ ခွေးတောက်ချောင်းအုပ်စု၊ ပတ္တမြားကွျွန်းကျေးရွာတို့တွင် (၁၁-၇-၂၀၁၉)ရက်နေ့လေဘေးကြောင့် လုံးဝပျက်စီးခဲ့သောအိမ်ခြေ(၁)လုံးနှင့် အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ(၃)လုံး စုစုပေါင်းအိမ်ခြေ(၄)လုံး၊ ၎င်းအိမ်ထာင်စု(၄)စုရှိ လူဦးရေ(၂၁)ဦးတို့အတွက် (၃၂၃၅၃)ကျပ် တန်ဖိုးရှိသောကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၁၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၄၄၁၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၂၅၄၁၀၀)ကျပ်ကို (၁၂-၇-၂၀၁၉)ရက်နေ့တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jul2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး
-
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော နေအိမ်များမှ အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ (၆-၇-၂၀၁၉)ရက်နေ့ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာနှင့် ပိုင်ကျုံမြို့၊ ကော့မရိုင်းကျေးရွာအုပ်စု၊ ကျိုက်ပေါင်ကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၂)လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သဖြင့် အိမ်ထောင်စု(၃)စု လူဦးရေ(၁၈)ဦး ဘေးဒုက္ခခံစားခဲ့ရသောကြောင့် (၁၂-၇-၂၀၁၉)ရက်နေ့တွင် ပျက်စီးနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး တစ်အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀/-)နှင့် ဆန်ရိက္ခာဖိုးငွေ(၁၄၇၀၀/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၈၀၀၀၀/-) နှင့် ဆန်ရိက္ခာ (၇)ရက်စာ (၂၃၁၀၀/-) စုစုပေါင်းကျပ် (၃၁၇၈၀၀/-)အား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #krn_jul2019 … Read more
-
ဗီနိုင်းလဲလှယ်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (12-7-2019)ရက်နေ့တွင် မော်လိုက်မြို့ဈေးရှေ့ ချင်းတွင်းမြစ်ကမ်းဘေးတွင် ရေဘေးလူထုအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်လဲလှယ်ခဲ့ပြီး လူစည်ကားရာစက်လှေဆိပ်နှင့် ဈေးဝင်းအတွင်း ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jul2019 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ရွှေကြာဗျိုက်ကျေးရွာအုပ်စုနှင့် ဘောလည်ကျေးရွာအုပ်စုတို့တွင် (၃.၇.၂၀၁၉)ရက်နေ့ (၂၂း၃၀)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျ၍ နေအိမ်(၃)လုံး အမိုးလန် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၁)ဦးတို့ လေဘေးသင့်ခဲ့သဖြင့် (၁၂.၇.၂၀၁၉)ရက်နေ့တွင် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁၅၀,၀၀ဝိ/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေကျပ်(၂၃,၁၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၇၃,၁၀ဝိ/-) အား ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ သက်ဆိုင်ရာမြို့နယ်ထွေအုပ်တို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_jul2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး
-
ပညာပေးပိုစတာ ပြောင်းလဲ တပ်ဆင်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ မြို့မဈေးနှင့် အ.ထ.က(၁)လမ်းထောင့်၌ ယခင်က မုန်တိုင်းဘေးပညာပေးပိုစတာအား တပ်ဆင်ထားရာမှ (12-7-2019)ရက်နေ့တွင် ရေဘေးပညာပေးပိုစတာအား ပြောင်းလဲတပ်ဆင်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ #sgg_jul2019 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ စော်ကဲချောင်းကျေးရွာအုပ်စု၊ စော်ကဲချောင်းကျေးရွာ၊ မမှိုအူချောင်းကျေးရွာ၊ ရေကျော်စုကျေးရွာ၊ သဲဖြူကုန်းကျေးရွာ၊ ရာဇူတိုင်ကညင်ချောင်းကျေးရွာအုပ်စု၊ ရာဇူတိုင်ကျေးရွာ၊ ကညင်ချောင်းကျေးရွာ၊ မယ်ဂျာကျေးရွာ၊ ထီပါလယ်ကျေးရွာအုပ်စု၊ အုတ်ပုံချောင်းကျေးရွာ၊ စော်ကဲဝသံဖြူစုကျေးရွာ၊ စော်ကဲချောင်းကျေးရွာတို့၌ (၇-၇-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂၅)လုံး၊ အိမ်ထောင်စု (၂၅)စုမှ ဘေးသင့်ပြည်သူ (၉၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၂၅)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၂၅၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ(၂၀၇၉၀ဝိ/-)၊ စုစုပေါင်း (၂၇၀၇၉၀ဝိ/-)၊ … Read more
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကျောက်မဲခရိုင်ဦးစီးမှူ းရုံးမှတာဝန်ရှိသူများသည် (၁၀-၇-၂၀၁၉) နေ့တွင်နောင်ချိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)၌ (၀၉း၃၀)ချိန်မှ(၁၀း၃၀)ချိန်ထိ ကျောင်းသား/သူ(၁၅၀)ဦးခန့်အားလည်းကောင်း၊ (၁၁း၀၀)ချိန်မှ(၁၂း၀၀)ချိန်ထိ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)မှကျောင်းသား/သူ(၄၀၀)ဦးခန့်အားလည်းကောင်း၊ (၁၃း၀၀)ချိန်မှ(၁၄း၀၀)ချိန်ထိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နောင်ချိုမှ ကျောင်းသား/သူ(၁၅၀)ဦးခန့်အားလည်းကောင်း၊ (၁၄း၃၀)ချိန်မှ(၁၅း၃၀)ချိန်ထိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျောက်ကြမ်းမှ ကျောင်းသား/သူ(၁၅၀)ဦးခန့်အားလည်းကောင်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန် /ရှောင်ရန်များအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2019 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဇူလိုင်လ ၁၁ ရက်နေ့ မနက်ပိုင်းတွင် ဖျာပုံမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောပွဲများကျင်းပခဲ့ရာ သဘာဝဘေးလျော့ပါးရေးအသိပညာပေးအဖြစ် မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေးနှင့် ငလျင်ဘေးအကြောင်း သိကောင်းစရာများကို ဟောပြောခဲ့ရာ ကျောင်းသားကျောင်းသူ(၃၀၀)ဦး တက်ရောက်နားထောင်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ (၅-၇-၂၀၁၉)ရက်နေ့ ဘားအံမြို့နယ်၊ မိဇံကျေးရွာအုပ်စု၊ လှိုင်ခြုံကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးရှိ သွပ်ပြားများနှင့်ထုတ်တန်းများပျက်စီးခဲ့သဖြင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာ (၇)ရက်စာ (၄၂၀၀/-)ကျပ်၊ စုစုပေါင်းကျပ် (၁၀၄၂၀၀/-)အား (၁၁-၇-၂၀၁၉)ရက်နေ့တွင် လေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #krn_jul2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး
