Author Archives: Department of Disaster Management

  • ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ရသော အိမ်ထောင်စုများအားထောက်ပံ့ခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ကျေးရွာအုပ်စု ၊ ယင်းဆယ်ကျေးရွာတွင်(၂၃-၇-၂၀၁၉)နေ့ ကမ်းပြိုဘေးသင့် အိမ်ခြေ(၃)လုံး၊ ၄င်းအိမ်ထောင်စု(၃)စုရှိ လူဦးရေ(၁၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀ဝိ/)ကျပ်၊ ဆန်ရိက္ခာဖိုး(၃၅၇၀ဝိ)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၃၃၅၇၀ဝိ/)ကျပ်အား (၂၄-၇- ၂၀၁၉) ရက်နေ့တွင် လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပ့ံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_jul2019 Source:         ဟင်္သာတခရိုင်ဦးစီးမှူးရုံး

  • ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ရသော အိမ်ထောင်စုများအားထောက်ပံ့ခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်း (၂၃.၇.၂၀၁၉) ရက်နေ့တွင် အိပ်ပျက်အုပ်စု၊ တာငုတ်ကျေးရွာ၊ ဖောင်ဆိပ်ကျေးရွာနှင့် ငှက်ပျောတောကျေးရွာတို့တွင် ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းရသောအိမ်ခြေ(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၆၀၀၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၄၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၉၀၃၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၆၉၀၃၀ဝိ/-)ကို မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနှင့်အတူ ကမ်းပြိုဘေးဖြစ်ပွားရာဒေသသို့ ကွင်းဆင်းသွားရောက်၍ ကမ်းပြိုဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #ayy_jul2019Source:         … Read more

  • ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့နေအိမ်များအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  မင်းဘူး(စကု)မြို့နယ်၊ ထုံးမကြီးကျေးရွာတွင် (၂၃-၇-၂၀၁၉)ရက်နေ့၌ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂၂)လုံး၊ အိမ်ထောင်စု(၂၂)စု၊ လူဦးရေ(၃၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ စုစုပေါင်းထောက်ပံ့ငွေ (၇၁,၄၀၀/-)ကျပ်အား (၂၃-၇-၂၀၁၉)ရက်နေ့ (၁၁း၃၀)အချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ # ha¬_fld # mgy_jul 2019 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၇.၂၀၁၉) ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင် မိုးညိုမြို့နယ်အတွင်း စိုးရိမ်ရေအမှတ် ကျော်လွန်လာသည့်အတွက် ရေဝင်ရောက်သည့် အနိမ့်ပိုင်းကျေးရွာများရှိပြည်သူများအား  ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဟောပြောခဲ့၍ ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo _jul2019 Source:         မိုးညိုခရိုင်ဦးစီးမှူးရုံး  

  • ရေဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၂၄-၇-၂၀၁၉) ရက်နေ့တွင် ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာစျေးအတွင်း ရေဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နှစ်စဉ်ရေဝင်ရောက်သည့်ကျေးရွာများအား လက်ကမ်းစာစောင်များရောက်ရှိရန်အတွက် ညောင်ပင်ကြီးဆိပ် အလယ်ဆိပ် ဇက်ဆိပ်များတွင် ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg _jul2019 Source:         ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး

  • လေဘေးသင့် ပြည်သူများအားထောက်ပံ့ခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ထီပါလယ်သောင်တန်းကျေးရွာအုပ်စု၊ သောင်တန်းကျေးရွာ၌ (၂၂-၇-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ ဘေးသင့်ပြည်သူ (၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ(၆၃၀ဝိ/-)၊ စုစုပေါင်း (၁၀၆၃၀ဝိ/-)အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၂၄-၇-၂၀၁၉)ရက်နေ့ (၁၀း၃၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw … Read more

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ (21.7.2019)ရက်နေ့တွင် အမ်းမြို့နယ်၊ ရူးကျေးရွာအုပ်စု၊ ဒုက္ကံကျေးရွာမှ ကျောက်ဖြူ မြို့သို့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(29)စုမှ လူဦးရေ ကျား (22)ဦး၊ မ (50)ဦး၊ စုစုပေါင်း (72)ဦးတို့တွက် ဆန်ရိက္ခာ(1)လစာဖို်း 1 ဦးလျှင် (9000)ကျပ် နှုန်းဖြင့် (648000)ကျပ်အား ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (23.7.2019)ရက်နေ့တွင် ၄င်းတို့၏ ဆွေမျိုးများနေအိမ်၌ တိုက်ပွဲရှောင်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_jul2019 Source:         ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး

  • မိုးကြိုးထိ သေဆုံးတစ်ဦးအတွက် ထောက်ပံ့ခြင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ (၂၅.၆.၂၀၁၉)ရက် (၀၈း၃၅)နာရီတွင် စစ်တွေမြို့နယ်၊ ဥယျာဉ်သာကျေးရွာအုပ်စု၊ ခရေမြိုင်ကျေးရွာနေ ဆေတာရာဘေကင်(ဘ)အဒူဆူဗင် အသက်(၃၅)နှစ်မှာ မိုးရွာသွန်းနေစဉ် အိမ်ရှေ့ပြတင်းပေါက်မှ အလင်းတန်းဝင်ရောက်ပြီး မိုးကြိုးပစ်၍ သေဆုံးခဲ့ရာ အဆိုပါ သေဆုံးသူ (၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀ဝိ/-)အား (၂၃.၇.၂၀၁၉)ရက်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #rke_jul2019 Source:            ရခိုင်ပြည်နယ်ဦးစီးမှူးရုံး

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေလဲကျေးရွာအုပ်စု၊ ရေလဲကျေးရွာ၌ (၂၃-၇-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားသော မီးဘေးကြောင့် နေအိမ် (၁)လုံး အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀ဝဝဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁၀၅၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၂၁၀၅၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁) ပုံးတို့အား (၂၃-၇-၂၀၁၉) ရက်နေ့ (၁၄း၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

Sign Up

Upcoming Events