ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ရသော အိမ်ထောင်စုများအားထောက်ပံ့ခြင်း

 

 

24 _ Pic _ 02 24 _ Pic _ 03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်း

(၂၃.၇.၂၀၁၉) ရက်နေ့တွင် အိပ်ပျက်အုပ်စု၊ တာငုတ်ကျေးရွာ၊ ဖောင်ဆိပ်ကျေးရွာနှင့် ငှက်ပျောတောကျေးရွာတို့တွင် ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းရသောအိမ်ခြေ(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၆၀၀၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၄၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၉၀၃၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၆၉၀၃၀ဝိ/-)ကို

မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနှင့်အတူ ကမ်းပြိုဘေးဖြစ်ပွားရာဒေသသို့ ကွင်းဆင်းသွားရောက်၍ ကမ်းပြိုဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_rbe

#ayy_jul2019Source:         ဟင်္သာတခရိုင်ဦးစီးမှူးရုံး

 

Sign Up

Upcoming Events