Author Archives: Department of Disaster Management
-
မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၁၉)ရက်နေ့ (၁၃၀၀)နာရီအချိန်က မြောက်ဦးမြို့နယ်၊ တောင်မြင့်ကျေးရွာတွင် စစ်ဘေးကြောင့် သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀)အား (၂၆-၇-၂၀၁၉)ရက်နေ့၌ တောင်မြင့်ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ထောက်ပံ့မှုများ ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်နှင့် ကင်မွန်းချောင်းကျေးရွာတို့တွင် (၂၅-၇-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြိုကျနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀ဝိ/-)၊ တစ်စိတ်တစိပိုင်းနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀ဝိ/-) ကျပ်နှင့် ထိုခိုက်ဒဏ်ရာရသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀ဝိ/-)၊ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆၈၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ … Read more
-
လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တလုပ်လပ်အနောက်ကျေးရွာအုပ်စု၊ တလုပ်လပ်အလယ်ပိုင်းကျေးရွာ၌ (၂၅-၇-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားသော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၂)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၁)လုံး၊ စုစုပေါင်း နေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀ဝဝဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၂၇၃၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၂၇၇၃၀ဝိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၂)ပုံးတို့အား (၂၆-၇-၂၀၁၉) ရက်နေ့ (၁၃ … Read more
-
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ မြေနုကျေးရွာအုပ်စု၊ မြေနုကျေးရွာတွင် (၂၅-၇-၂၀၁၉) ရက်နေ့၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့် အိမ်ခြေ(၁၁)လုံး၊ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ (၃၇) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ (၇၇၇၀ဝိ/-) ကျပ်အား (၂၆-၇-၂၀၁၉) ရက်နေ့တွင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_jul2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး
-
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့ ၌(၂၅-၇-၂၀၁၉)ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကံမမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့ရှိ လူနေအိမ်(၅၇)လုံး၊ အိမ်ထောင်စု(၅၇)စု၊ လူဦးရေ(၂၈၂)ဦး ရေဘေးရှောင်ပြောင်းရွှေ့ခဲ့ရပြီး ရေဘေးသင့်လူဦးရေ (၂၈၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၅၉၂၂၀၀/-)အား (၂၆-၇-၂၀၁၉)ရက်နေ့တွင် ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူ း တို့ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha¬_fld # mgy_jul 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ် (၂၆-၇-၂၀၁၉) ရက်နေ့၊ (၁၀:၀၀)နာရီမှ (၁၂းဝဝ)နာရီထိ မွန်ပြည်နယ်၊ သထုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ကြာပန်း) တွင် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နံရံကပ်ပိုစတာများကပ်ခြင်းတို့အား ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ အင်အား စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) # ar # mon_ jul 2019
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာန၊ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး(ယာယီ)မှ (၂၆.၇.၂၀၁၉) ရက်နေ့ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ (၆)မိုင်စံပြ ကျေးရွာ၊ အ.ထ.က (အင်ကုန်း)ရှိ ကျောင်းသား/သူ(၂၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ဲပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_jul2019 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး
-
မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ကြို့ကုန်း(၁)ကျေးရွာအုပ်စု၊မြောက်ကြို့ကုန်းကျေးရွာတွင်(၆-၇-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားသောလေပြင်းတိုက်ခက်မှုကြောင့် အမိုးလန်(၁)လုံးမှ လူဦးရေ(၅)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀၅၀၀/)ကျပ်နှင့် (၇-၇-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသောလေပြင်းတိုက်ခတ်မှုကြောင့် လှည်းပြင်တင်ကျေးရွာအုပ်စု၊ ဘုရားကွင်း ကျေးရွာတွင် ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆေက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/)ကျပ်နှင့် ပြိုလဲနေအိမ်(၁)လုံးရှိလူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၈၄၀၀/)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၈၉၀၀/)ကျပ်တိတိအား (၂၆-၇-၂၀၁၉)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် မင်းလှမြို့အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမတွင် မြို့နယ်ဒုတိယဦးစီးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့် အတူဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ # ha¬_sgw # … Read more
-
တက္ကသိုလ်ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ (၂၅.၇.၂၀၁၉) ရက်နေ့ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ကွန်ပျူတာတက္ကသိုလ်ရှိ ကျောင်းသား/သူ(၁၅၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ဲပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_jul2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး
-
သိုလှောင်ရုံရှိ ကယ်ဆယ်ရေးပစ္စည်း လက်ကျန်စာရင်းများ စစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံး၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးနှင့် ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၉) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ သိုလှောင်ရုံရှိ ကယ်ဆယ်ရေးပစ္စည်းများ၏ မြေပြင်လက်ကျန်စာရင်းများအား ကောက်ယူ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #sgg_jul2019 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး
