လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်နှင့် ကင်မွန်းချောင်းကျေးရွာတို့တွင် (၂၅-၇-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြိုကျနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀ဝိ/-)၊ တစ်စိတ်တစိပိုင်းနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀ဝိ/-) ကျပ်နှင့် ထိုခိုက်ဒဏ်ရာရသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀ဝိ/-)၊ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆၈၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၄၆၈၀ဝိ/-) တို့အား (၂၇-၇-၂၀၁၉) ရက်နေ့ ကော့စံနိုင်ရပ်ကွက်နှင့် ကင်မွန်းချောင်းကျေးရွာတို့တွင် မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mon_jul2019
Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး