လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

 

26_Pic_01

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တလုပ်လပ်အနောက်ကျေးရွာအုပ်စု၊ တလုပ်လပ်အလယ်ပိုင်းကျေးရွာ၌ (၂၅-၇-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားသော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၂)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၁)လုံး၊ စုစုပေါင်း နေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀ဝဝဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၂၇၃၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၂၇၇၃၀ဝိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၂)ပုံးတို့အား (၂၆-၇-၂၀၁၉) ရက်နေ့ (၁၃ ဝဝ)နာရီအချိန်တွင် မအူပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_jul2019

Source:         မအူပင်ခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events