Author Archives: Department of Disaster Management

  • ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုု မြို့နယ်၊ ငါးလန်ကျေးရွာအုပ်စု၊ငါးလန်ကျေးရွာနှင့် ဆင်တဲကျေးရွာအုပ်စု၊ နတ်ပေးကျေးရွာတို့တွင်(၃၀-၇-၂၀၁၉)ရက်နေ့၊ (၁၀း၃၀)အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ်(၈)လုံး၊ အိမ်ထောင်စု(၁၀)စု၊ စုစုပေါင်းလူဦးရေ(၂၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၅၀၄၀၀/-)၊အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၈၀၀၀၀၀/- )စုစုပေါင်း(၈၅၀၄၀၀/-)ကျပ်အား (၃၀-၇-၂၀၁၉)ရက်နေ့တွင် ရေစကြို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha¬_fld # mgy_jul 2019

  • မုန်တိုင်းဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၉-၇-၂၀၁၉) ရက်နေ့မှ (၃၀-၇-၂၀၁၉)ရက်နေ့အထိ  CWS-myanmar ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြို့နယ်ကြက်ခြေနီတပ်ဖွဲတို့နှင့်ပူးပေါင်း၍ မအူပင်မြို့နယ်၊ ပေကုန်းကျးရွာအုပ်စု၊ ဆင့်ကူးသောင်ကျေးရွာ၌ မုန်တိုင်းသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ရာ အဆိုပါဇာတ်တိုက်လေ့ကျင့်ခန်းသို့ ကျေးရွာသူ/သား ကျောင်းသား/သူ စုစုပေါင်းအင်အား ၂၅၀ ဦးခန့်ပါဝင်လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2019 Source:                   မအူပင်ခရိုင်ဦးစီးမှူးရုံး

  • မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ (၂၈.၇.၂၀၁၉)ရက်နေ့ မိုးမိတ်မြို့နယ်၊ မန်ဖွယ်ကျေးရွာတွင် မီးဘေးဖြစ်ပွားခဲ့ရာ ဝါးကြမ်းခင်း မြေစိုက် သွပ်မိုး ထရံကာ အိမ် (၁) လုံး အိမ်ထောင်စု (၁) စု လူဦးရေး ကျား (၁)၊ မ (၂)ဦး၊ စုစုပေါင်း (၃)ဦး မီးဘေးသင့်ခဲ့သဖြင့် မီးဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)ကျပ် ဆန်ရိက္ခာဖိုး(၆၃၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၃၀ဝိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုးပါ ပုံးတစ်ပုံး တို့အား … Read more

  • သိုလှောင်ရုံရှိ ကယ်ဆယ်ရေးပစ္စည်း လက်ကျန်စာရင်းများအား စစ်ဆေးခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၁၉) ရက်နေ့တွင် ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး၊ သိုလှောင်ရုံရှိ ကယ်ဆယ်ရေးပစ္စည်းများ၏ မြေပြင်လက်ကျန်စာရင်းများအား ကောက်ယူ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #sgg_jul2019 Source:                   ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပခြင်

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၁၉)ရက်နေ့ (၀၉း၃၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ်၊ တာပွန်မြို့ ဗောဓိ မာရ်အောင် ငါးထပ်ဘုရားကြီး ဓမ္မာရုံတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုများကို ကျင်းပဆောင်ရွက်ခဲ့ရာ ဟောပြောပွဲသို့ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများ (၈၀)ဦးခန့်တက်ရောက်ခဲ့၍ ထိုတက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_jul2019 Source:         မိုးညိုမြို့နယ်ဦးစီးမှူးရုံး

  • ကမ်းပြိုမှုကြောင့် နေအိမ်ဖျက်သိမ်း ပြောင်းရွှေ့ရသော အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ကမ်းပါးပြိုကျနေမှုများအား(၂၈-၇-၂၀၁၉)ရက်နေ့တွင် မြို့နယ်အုပ်ရေးမှူးနှင့်အတူကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး (၂၂-၇-၂၀၁၉)နေ့နှင့်(၂၆-၇-၂၀၁၉)ရက်နေ့များတွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းအိမ်ထောင်စု(၄)စု လူဦးရေ(၂၆)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ(၄၅၄၆၀ဝိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၄)အိမ်ထောင်စာအား (၂၈-၇-၂၀၁၉)နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_jul2019 Source:         မော်လိုက်ခရိုင်ဦးစီးမှူးရုံး

  • မြစ်ရေမြင့်တက်လာမှုကြောင့် ပြောင်းရွှေ႕ရသော အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၅.၇.၂၀၁၉) ရက်နေ့တွင် ဘီးလင်းမြစ်ရေမြင့်တက်မှုကြောင့် ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်တို့မှ ရေဘေးရှောင်အိမ်ထောင်စု(၁၈)စု၊ လူဦးရေ(၈၃)တို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ ဆန်ဖိုးငွေ (၁၇၄၃၀ဝိ)၂၆.၇.၂၀၁ရက်နေ့၉ (၁၆း၀၀)နာရီ ရေဘေးသင့်ပြည်သူထံလက်ဝယ်အရောက်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_jul2019 Source:         ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး  

  • ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးတို့မှ သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော ရေစကြိုမြို့နယ်၊ ထန်းငယ်တောကျေးရွာအုပ်စု၊ ကျောက်ထပ်ကျေးရွာနေပြည်သူအိမ်ထောင်စု(၂၁၀)အတွက် သောက်သုံးရေဂါလံ(၂၈၀၀)ကိုလည်းကောင်း၊ ထန်းတိုကျေးရွာအုပ်စု၊ မြစ်လှချောင်ကျေးရွာကျေးရွာနေပြည်သူအိမ်ထောင်စု (၁၀၉)အတွက် သောက်သုံးရေဂါလံ(၂၈၀၀)ကိုလည်းကောင်း စုစုပေါင်းသောက်သုံးရေဂါလံ(၅၆၀၀)ကိုEleven Media Group ရေအလှူယာဉ်ဖြင့် ဆရာတော် ဦးသောဘဏ၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့နှင့်အတူကျေးရွာများသို့သွားရောက်ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha¬_fld # mgy _ jul 2019

  • ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးတို့မှ သောက်သုံးရေဖြန့်ဝေမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ် ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော ရေစကြိုမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာနှင့် ချင်းယားကုန်းကျေးရွာနေပြည်သူအိမ်ထောင်စု (၃၃၇)အတွက် သောက်သုံးရေ ဂါလံ(၂၈၀၀)ကို လည်းကောင်း၊သပြေပင်ကျေးရွာအုပ်စု၊သိမ်ကုန်းကျေးရွာကျေးရွာနေပြည်သူအိမ်ထောင်စု(၁၃၀)အတွက် သောက်သုံးရေဂါလံ(၂၈၀၀)ကိုလည်းကောင်း၊ စုစုပေါင်းသောက်သုံးရေဂါလံ(၅၆၀၀)ကိုEleven Media Group ရေအလှူယာဉ်ဖြင့်  ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေးအသင်း(ရေစကြို)မှအတွင်းရေးမှူး၊ အောက်ဆီဂျင်လူမှုကူညီရေးအသင်းဥက္ကဌ၊ ယ.က.ကစာရင်းစစ်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကျေးရွာများအရောက်သွားရောက်ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha¬_fld # mgy … Read more

  • ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သင်တောကြီးကျေးရွာအုပ်စု၊ စပါးထားရိုးကျေးရွာ၊ အင်းရဲကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာနှင့် ကျောင်းကုန်းမြို့နယ်၊ ရောင်ပြစ်ကွင်း ကျေးရွာတို့တွင် (၂၄-၇-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်(၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၃)လုံး၊ စုစုပေါင်း နေအိမ်(၅)လုံး၊ အိမ်ထောင်စု (၅စုမှ လူဦးရေ(၂၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)ပုံး ကျပ်(၆၄၇၀၆/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၄၄၁၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၁၀၀၀၀/-)၊ စုစုပေါင်း ရန်ပုံငွေ (၄၅၄၁၀၀/-)အား (၂၆-၇-၂၁၀၉)ရက်နေ့ … Read more

Sign Up

Upcoming Events