Author Archives: Department of Disaster Management

  • ဘေးသင့်ပြည်သူများအားထောက်ပံ့ခြင်းနှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စုရှိ ကျေးရွာ (၅) ရွာ၌ (၄-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးနှင့် လေဘေးတို့ကြောင့် ကြိုတင်ရွှေ့ပြောင်းဖျက်သိမ်းနေအိမ် (၃၁)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၆) လုံးတို့ရှိ အိမ်ထောင်စု (၃၇) စုမှ လူဦးရေ (၁၇၀)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၂၈၀,ဝဝဝ/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၃၅၇,၀၀၀/-) ကျပ်တို့ကို (၆-၈-၂၀၁၉) ရက်နေ့ (၁၂း၃၀)နာရီအချိန်တွင် မအူပင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more

  • သထုံခရိုင်ဦးစီးမှူးရုံးမှ ဘီးလင်းမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့်သထုံခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၉)ရက်နေ့မှစ၍ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်း(၃၇)ခုသို့ပြောင်းရွေ့ခဲ့ရသည့် ရပ်ကွက်(၅)ခု၊ ကျေးရွာ(၁၁)ရွာ၊ အိမ်ခြေ(၁၆၆၁)လုံး၊ အိမ်ထောင်စု(၁၆၆၁)စုမှ လူဦးရေ(၇၀၀၅)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၄,၇၁၀,၅၀၀/-)ကျပ်အား (၇-၈-၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်)မှ-ဒုတိယညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူလိုက်ပါ၍သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_fld # mon_aug 2019

  • မွန်ပြည်နယ်ဦးစီးမှူးရုံးမှ အတ္ထရံမြစ်ရေမြင့်တက်မှုကြောင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၁၉)ရက်နေ (၀၆:၀၀)နာရီအချိန်တွင် အတ္ထရံမြစ်ရေမြင့်တက်မှုကြောင့် ကလိုင်းကနိုင်ကျေးရွာ၊ ပက်ကလက်တောင်တို့မှ ရေဘေးင့်ပြည်သူများသည် ကျိုက်မရောမြို့၊ ရသေ့ကျောင်းတိုက် ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့လာသော အိမ်ထောင်စု(၂၆)စု လူဦးရေ(၉၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၀၅၈၀၀/-)ကျပ်ကို (၆-၈-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံခဲ့ပါကြောင့် သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) # ha_fld # mon_aug 2019

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကျွဲသောင်ကျေးရွာအုပ်စု၊ ကျွဲသောင်ကျေး ရွာ၌ (၃-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ် (၃) လုံး၊ အိမ်ထာင်စု (၃) စုမှ လူဦးရေ (၁၅) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၁,၅၀၀/-) ကျပ်တို့ကို (၆-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug2019 Source:           ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)   … Read more

  • မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ပွင့်ဖြူမြို့နယ်၊ သစ်တော်ကျေးရွာတွင် (၅-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀၀/-)၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၆,၈၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု (၂)စုစာတို့ကို (၆-၈-၂၀၁၉)ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_rbe # mgy_aug 2019

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာ နှင့် သက္ကယ်တန်းအုပ်စု၊ ရွှေဝါထွန်းကျေးရွာတို့၌ (၂-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် ဘေးသင့်နေအိမ် (၃၂) လုံး၊ အိမ်ထောင်စု (၃၂) စုမှ လူဦးရေ (၁၄၅) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၀၄,၅၀၀/-) ကျပ်တို့ကို (၆-၈-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

Sign Up

Upcoming Events