Author Archives: Department of Disaster Management

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၁၉) ရက်နေ့၊ (၁၃း၃၀) အချိန်မှ (၁၅း၀၀) အချိန်အထိ လယ်ဝေးမြို့နယ်၊ အောင်သုခကျေးရွာတွင် ပြည်သူလူထု(၁၀၀)ဦးခန့်ကို သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန် / ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါတက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source း နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_aug 2019

  • မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်သင်တန်းသား(၅၀)ဦးဖြင့်(၂၂-၈-၂၀၁၉) ရက်နေ့ နံနက်(၉း၀၀)အချိန်တွင် လဲချားမြို့ထွထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပခဲ့ပြီး သင်တန်းသား/သူများမှ အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါကြောင်းနှင့် (၂၃-၈-၂၀၁၉)ရက်နေ့တွင် ဆက်လက် ကျင်းပရန်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug 2019 Sourceး ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၁၉)ရက်နေ့ နေ့လည်ပိုင်းတွင် လဲချားမြို့နယ်(အ.ထ.က-ခွဲ) နောင်မိန်း၌ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦးအား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ပညာပေးဗွီဒီယိုပြသခြင်းသရုပ်ပြသခြင်းများအား ပြုလုပ်နိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_aug 2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီထိ မိုင်းဆတ်မြို့နယ်၊ မယ်ဆွမ်တောင်ရပ်ကွက်၊ အ.ထ.ကခွဲ(၂)ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား အင်အား(၈၀)ဦးတို့အား သဘာဝဘေးအန္တာရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_aug2019

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားသော လေပြင်းတိုက်ခက်မှုကြောင့် လက်ပံတန်းမြို့နယ်၊ နဘဲကွင်းကျေးရွာအုပ်စု၊ နဘဲကွင်းကျေးရွာမှ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀၀၀ဝိ|-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံးနှင့် ပြိုလဲနေအိမ်(၁)လုံးမှ ဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၄၀၀ိ/)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀ိ/)ကျပ်တိတိအား (၂၂-၈-၂၀၁၉)ရက်နေ့ (၁၁း၄၅)နာရီအချိန်တွင် လက်ပံတန်းမြို့ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ဒုတိယဦးစီးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_aug2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ လူမှုရေးဝန်ကြီးနှင့်အတူ (၂၁-၈-၂၀၁၉)ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ် ရပ်ကွက်များရှိ ရေကြီးနစ်မြုပ်သော ရေဘေးသင့်အိမ်ထောင်စု(၆၀၀)စု၊ လူဦးရေ(၃၂၆၀)ဦးအတွက်အိမ်ထောင်စု(၁)စုလျှင် ငါးသေတ္တာ(၁)ဗူး(၆၀၀/-)နှုန်းဖြင့်(၄)ဗူး၊ ခေါက်ဆွဲခြောက်(၁)ထုပ်(၂၅၀/-)နှုန်းဖြင့်(၆)ထုပ်၊ ဆီ(၁)လီတာဗူး(၁၆၀၀/-)နှုန်းဖြင့် (၁)ဗူး၊ စုစုပေါင်းပစ္စည်းဖိုးငွေ (၃၃၀၀၀၀၀/-)တို့အားရေဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #krn_aug 2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ မံပင်ကျေးရွာ၌ (၂၂-၈-၂၀၁၉)ရက်နေ့ နံနက်(၁၀း၀၀)အချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ရာ စုစုပေါင်းလူဦးရေ(၇၀)ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_aug 2019 Sourceး ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ထောက်ပံ့ငွေများပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၁-၈-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင်းကျေးရွာအုပ်စု၊  မြင်သာကျေးရွာတွင် ရေငံရိုးချောင်းရေမြင့်တက်မှု ကြောင့် ချောင်းရေမျောပါသေဆုံးသူ(၁)ဦး၏ မိသားစုဝင်များထံသို့ သေဆုံးထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်နှင့် နတ်မောက်မြို့နယ်၊ ချောင်းနက်ကျေးရွာအုပ်စု၊ ချောင်းနက်ကျေးရွာတွင် (၁၁-၈-၂၀၁၉)ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကြိုးစက်ကွင်းထိမှန်၍ ဒဏ်ရာရသူ(၁)ဦးအား ဒဏ်ရာရထောက်ပံ့ငွေ (၅၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၅၀၀၀၀ိ/-)ကျပ်တို့အား သေဆုံးသူနှင့်ဒဏ်ရာရသူ၏မိသားစုများထံသို့ (၂၂-၈-၂၀၁၉)ရက်နေ့တွင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ကြူဝက်ကျးရွာအုပ်စု၊ ကြူဝက်ကျးရွာနှင့် ကြို့ပင်ဝိုင်းအုပ်စု ၊ ရွှေကူကျေးရွာတို့၌ (၁၅-၈-၂၀၁၉)ရက်နေ့တွင် လေးပြင်တိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ် (၂) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၀၈၄၀၀/-)ကျပ်အား (၂၂-၈-၂၀၁၉)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #bgo_aug 2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၂.၈.၂၀၁၉ရက်နေ့ နံနက်ပိုင်းတွင် လဲချားမြို့နယ် အ.ထ.က လဲချား၌ကျောင်းသား/သူ (၄၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ပညာပေးဗွီဒီယိုပြသခြင်းနှင့်သရုပ်ပြသခြင်းများအားပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဉီးစီးမှူးရုံး (ဘစမ) #ar #shn_aug2019

Sign Up

Upcoming Events