Author Archives: Department of Disaster Management
-
မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုတ်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးနှင့် မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မော်လမြိုင်ကျွန်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တို့နှင့်ပူးပေါင်း၍ (၂၆-၈-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်မြို့နယ်၊ ကြက်ရှာကျေးရွာအုပ်စု၊ ကြက်ရှာစံပြကျေးရွာ၌ မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုတ်လေ့ကျင့်ခန်းကို ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ (၃၀)ဦး၊ ကျေးရွာနေပြည်သူ (၆၀၀)ဦးတို့ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #simex_str #ayy_aug2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မြေအက်ကွဲကြောင်းများဖြစ်ပေါ်နေမူကို ကွင်းဆင်းကြည့်ရှုမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်သူ့လွှတ်တော်အမတ်၊ မုံရွာတက္ကသိုလ် ဘူမိဗေဒပညာရှင်၊ မြင်းမူမြို့နယ်အုပ်ချုပ်ရေးမှူးတိုနှင့်အတူ မြင်းမူမြို့နယ်၊ ငါကင်းတောင်ရွာ၌ မြေအက်ကွဲ ကြောင်းများဖြစ်ပေါ်နေမူကို (၂၄-၈-၂၀၁၉) ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ha_otr #sgg_aug2019 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် (၂၄-၈-၂၀၁၉)ရက်နေ့၊ နံနက်(၀၉းဝဝ)အချိန်မှ (၁၁း၀၀)အချိန်အထိ ငလျင်ဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၃၇၀) ဦးတက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ဇေယျာသီရိမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဒို့လယ်ဝေးလူမှုကူညီရေးပရဟိတအသင်းတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_aug 2019
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၉)ရက်တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကျည်ဆံထိမှန်၍ ပြင်းထန်စွာ ဒဏ်ရာရရှိသဖြင့် စစ်တွေမြို့၊ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာနေ ဒေါ်ခင်ဝင်းရွှေ အသက်(၂၅)နှစ်အတွက် ဒဏ်ရာရထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်အား သွားရောက်ထောက်ပံ့ခဲ့ပါကြောင့် သတင်းရရှိပါသည်။ #otr #rke_aug 2019 Sourceး ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ရွှေကျင်ကျေးရွာအုပ်စု၊ ရွှေကျင်ကျေးရွာတွင် (၁၉-၈-၂၀၁၉)ရက်နေ့ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၈) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၆၈၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၁၆၈၀၀/-)ကျပ်ကို ( ၂၃-၈ -၂၀၁၉) ရက်နေ့တွင် မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှတာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_aug 2019
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တရုတ်နိုင်ငံ သို့ လူကုန်ကူးခံရပြီး မင်းကင်းမြို့သို့ ပြန်လည်ရောက်ရှိလာသည့် ကျား(၈) ဦး၊ မ( ၃) ဦး၊ စုစုပေါင်း (၁၁) ဦးအား မင်းကင်းမြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တစ်ဦးလျှင် (၆၀၀၀၀/-) နှုန်းဖြင့် လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီမှ တစ်ဦးလျှင် (၅၀၀၀/-) နှုန်းဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကျားလုံချည် (၈ )ထည်၊ မလုံချည်( ၃) ထည်၊ တီရှပ် (၁၁) ထည်၊ တဘက် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၉)ရက်နေ့တွင် ကော့မှူးမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပြည်သူများ စုစုပေါင်းလူဦးရေ(၅၀)ကျော်တို့အား သဘာဝဘေးအန္တရာယ်များကို တုန့်ပြန်ဆောင်ရွက်ရေး၊ ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ အသိပညာနှင့်ဗဟုသုတများမျှဝေပေးခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်နှင့်သက်ဆိုင်သောအသိပညာပေးခြင်း ဟောပြောပွဲအခမ်းအနားအား ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ygn_aug2019
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးစေတနာဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေး အန္တရာယ်လျော့ပါးရေးစေတနာဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၁-၈-၂၀၁၉)ရက်နေ့မှ(၂၃-၈-၂၀၁၉)ရက်နေ့ထိ သင်တန်းသား/သင်တန်းသူ(၃၀)ဦးဖြစ် ဖွင့်လှစ်ခဲ့ပြီး၊ (၂၁-၈-၂၀၁၉)ရက်နေ့(၀၉း၀၀)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဖွင့်လှစ် ခဲ့ပါသည်။ (၂၃-၈-၂၀၁၉)ရက်နေ့တွင် သင်တန်းသားများအတွက်အင်္ကျီ၊မိုးကာအင်္ကျီ၊လက်နှိပ်ဓာတ်မီး၊ကျောပိုးအိပ်၊ဦးထုပ်၊ဖိုင်၊စာအုပ်၊ဘောပင်တို့ပေးဝေခဲ့ပါသည်၊ရေဒီယို(၃)လုံးနှင်းhand speaker (၃)လုံးတို့ကို သင်တန်းသား(၃၀)ဦးတို့အတွက်မဲဖောက်ပေးအပ်ခဲ့ပြီး သင်တန်းပြုလုပ်ပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source း ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_aug 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၉)ရက်နေ နံနက်ပိုင်းတွင် လဲချားမြို့နယ် (အ.လ.က.(၂))တွင် ကျောင်းသား/ကျောင်းသူ(၂၀၀)ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး၊ တက်ရောက်လာသူ များကို လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်းသရုပ်ပြသခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug 2019 Source း ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၉)ရက်နေ နံနက်ပိုင်းတွင် လဲချားမြို့နယ် (အ.လ.က.(၁))တွင် ကျောင်းသား/ကျောင်းသူ(၂၅၀)ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး၊ တက်ရောက်လာသူ များကို လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်းသရုပ်ပြသခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source း ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_aug 2019
