လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် (၂၄-၈-၂၀၁၉)ရက်နေ့၊ နံနက်(၀၉းဝဝ)အချိန်မှ (၁၁း၀၀)အချိန်အထိ ငလျင်ဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၃၇၀) ဦးတက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ဇေယျာသီရိမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဒို့လယ်ဝေးလူမှုကူညီရေးပရဟိတအသင်းတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
#ar
#npw_aug 2019